-->

6/30/09

တောင်းပန်ချက်


ကျမ ဘလော့ ကို မရောက်တာ အတော်ကြာ သွားပါတယ်..။ စာအုပ်တွေ လာဖတ်ကြသူများ၊ ဒေါင်းလုပ်သူများ၊ စီဗေါက်မှာ လာရောက်နှုတ်ဆက် သူများ ကို ကျေးဇူးတင်ပါတယ်ရှင်..။ ပြန်မနှုတ်ဆက် နိုင်ခဲ့တဲ့ အတွက်လည်း အနူးအညွန်.တောင်းပန်းပါတယ် ရှင်..။
ကျမရဲ.ကံ က အင်မတန်မှ ကောင်းပါတယ်..။ ဘလော့လေးလုပ်ပြီးမှ မကြာဘူး သူခိုး ခိုးခံရပါတယ်..။ သူခိုးကလည်း ကျမရဲ. အချမ်းသာဆုံးလေးဖြစ်တဲ့ .ကွန်ပြူတာလေးကို သမသွားပါတယ်....။ ဒါနဲ.ပဲ မုန်.ဖိုးပဲဖိုးလေးစုပြီး နောက်တလုံးဝယ် ဖြစ်ပါတယ်....။ ကိုင်လိုင်ရတာ လက်တောင် မပူလိုက်ဘူး..အိမ်အဖောက်ခံ ရပါတယ်...။ ကိုယ်တော်တွေက ယူသွားတာ သူလေးလဲ ပါသွားတယ်ဆိုပါတော့..။ ဒါနဲပဲ ရဲတိုင် ဂတ်တိုင်ပေါ့။ ပြန်ရမလားလို.စောင့် ....နေတာ ...ရပါဘူး..။ သူငယ်ချင်းတွေကတော့ မေးရှာပါတယ်..။ ပြန်ရသလား ..ဘာထူးသေးလဲ ..... လားပေါင်း ... လဲပေါင်းများစွာနဲ.ပေါ့ ...။ ကျမကလဲ သူငယ်ချင်းတို. ရေ .... ပိုက်ဆံရေထဲချလိုင်ရင် ပလုံလို.မြည်အုံးမယ် ... ခု ..ငါ့မှာ ..အဲဒီမြည်သံလေးတောင်မကြားလိုက်ရဘူး ...လို....။


နောက်ပိုင်း ကျမမှာ စာမေးပွဲ ၊ အလုပ် တွေနဲ. လုံးလည်ချာလည် လိုက်နေပါတယ် ...။ ကျမရဲ. ၀ါသနာ အပါဆုံး စာဖတ်ခြင်းတောင် ၃ လလောက်မလုပ်နိုင်ခဲ့ပါဘူး....။ ပြောရင် ယုံမှာတောင်မဟုတ်ကြဘူး ..။ ...ယ .. နဲ. မယုံရင် .. ရ ... နဲ.သာ ယုံလိုက်ပါတော့ ..လို. ...။ :D




ဆက်ဖတ်ရန်