၁။ ချစ်သွေးဧကရီ
၂။ဘ၀မုန်တိုင်း နှင်းမုန်တိုင်း
၃။မေ၀ါ၏ ကလဲ့စား
၎။ရုပ်တုကျိန်စာ
၅။ကမ္ဗလာရီအောက်ဝယ်
၆။အီဂျစ်ဘုရင် မာယာရှင်
၇။ကမ္ဘာကို ကိုင်လှုပ်သူ
၈။ကျွန်မင်းသား
၉။ရွှေစင် နတ်ဘုရား
၁၀။ ထောင်မင်းသား ဦးဖိုးထော်
၁၁။ရော်ဘင်ဆင် ကရူးဆိုး
၁၂။သုံးဖော်ညီနောင်
၁၃။ဝတ္ထုတိုပေါင်း ချုပ် ၁
၁၄။ဝတ္ထုတိုပေါင်း ချုပ် ၂
၁၅။တ္ထုတိုပေါင်း ချုပ် ၃
၁၆။ဝတ္ထုတိုပေါင်း ချုပ် ၎
10/23/08
ဒဂုံရွှေမျှား ၏၀တ္ထုများ
ဆရာအောင်သင်း၏ ၀တ္ထူများ
၁။အမွေ
၂။အနာဂတ်ကို မကြောက်နဲ.
၃။သူတို.နှင့် ကျွန်တော်
၎။ကန်.ကူလက်လှည့်
၅။ရွှင်ရွှင်ပြုံးပြုံး စာစီကုံး
၆။မျိုးဆက်သစ်အတွက် ဂန္တ၀င်မိတ်ဆက်
တက္ကသိုလ် ဘုန်းနိုင်
၁။နှင်းငွေ.တစ်ထောင့် မိုးတမှောင့်
၂။သူငယ်ချင်းလို.ပဲ ဆက်၍ခေါ်မည်ခိုင်
၃။မောင့်ဘ၀ ညအလားကွယ်
၎။ညီမလေးရယ် စိုးရိမ်မိတယ်
၅။တန်ခူးလေ နှင့် လျောတော့သည်
၆။ပညာရဲ. သဘော
၇။မိုးတွေရွာမှဖြင့်လျင်ကွယ်
၈။ဝသန်လေချိန်မှန်ကူး
၉။လွမ်း
၁၀။နွေကန္တာဦး
၁၁။အိုင်ကျူမည်မျှယုံရ မည်နည်း
၁၂။မိုးညအိမ်မက်ဖြူ
၁၃။လွမ်းတေး မဆုံးစေနှင့် စောသခင်
၁၄။မျက်ရည်လောကများ၏ ဟိုဘက်မှာ
ဆရာမဂျူး ၏ ၀တ္ထုများ
၁။အမှတ်တရ ဂျူး
၂။အက်စစ်တခွက်
၃။အမုန်းကြောင့်ဖြစ်သော စစ်ပွဲများ
၎။ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ
၅။ကံကြမ္မာကိုမယုံကြည်ကြသူများ
၆။ ချစ်သူရေးတဲ့ကျွန်မရဲ့ညတွေ
၇။ကျွန်မ၏သစ်ပင် ပါ။
၈။ကြယ်ကြွေတို.ရဲ. အတောင်ပံ
၉။ချစ်သူလားစကားတစ်ပွင့်ပွင့်ခဲ့တယ်
၁၀။လရဲ့အောက်ဘက်မိုင်အဝေးမှာ
၁၁။မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်
10/7/08
ဖတ်ခဲ့ဖြစ်သော စာအုပ်များ (၂)
ဒီနေ.တော့ စာအုပ်များကို ဆက်ပြီးတင်သွားပါ့မယ်..။ ဒေါင်းလုပ် မလုပ်သော လင့်များရှိရင်ပြောကြပါ ရှင်..။
ဆရာ မြသန်းတင့်၏ ၀တ္ထုများ
၁။ စာရေး အတတ်ပညာ
၂။ ဧကရီ ဖွားစော
၃။ သြဂုတ်တစ္ဆေများ နှင့် အခြား ၀တ္ထုတိုများ
၎။ မှောင်မိုက်မှာငို
၅။ မာယာဘုံ
၆။ ဂျူပီတာ ၅
၇။ သမိုင်းစကား ပန်းစကား နှင့် အခြား ရသစာတမ်းများ
၈။ တိမ်းရှောင်သူ
၉။ မှောရုံတောမှာ မောလှပြီ
၁၀။ ကြာညိုနံ.သင်းသော
၁၁။ လက်ဖက်ရည်ဆိုင်
၁၂။ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည်
၁၃။ လာခြင်းကောင်းသောအရှင်
၁၄။ လမင်းကို ထရံပေါက်မှကြည့်ခြင်း
10/6/08
တမ်းတမှု
ဆောင်းတွင်းဝင်လာပြီမို. ဒီမှာ အင်မတန်မှ အေးပါတယ်..။ မနက်ကိုဆို နည်းနည်းမှ မထချင်ပါ..။ ဒါပေမဲ့လည်း ၀မ်းစာရေးက ရှိသေးတာမို. မထချင်ထချင်ထ.. ရေမိုးချိုး အလုပ်သွားဖို.အတွက် အပြေးအလွှားပြင်ဆင်ရပါတယ်..။ အလုပ်နဲ. ကျမအိမ်နဲ.က ၁၀ မိနစ်လောက် လမ်းလျှောက်ရင်ရောက်ပါပြီ..။ အပျင်းကြီးသူမို. တမင်နီးနီးကို ရွေးရှာထားရတာပါ..။ အိမ်ပြင်ထွက်လိုက်ရင်ပဲ အေးမြတဲ့ဆောင်းလေက မျက်နှာကို ဖြန်းကနဲ ၊ နားနှစ်ဖက်ကကျင်ကနဲဖြစ်သွား၊ အအေးဓာတ်က တစ်ကိုယ်လုံးကိုစိမ့်ကနဲ ၀န်းကျင်တခွင်မှာတော့ မြူတွေဆိုင်းလို. မြန်မာနိုင်ငံကို အရမ်းလွမ်းသွားပါတယ်။ ဒီအချိန် ဟိုမှာဆို မနက်စောစော ဖေဖေ၊ မေမေ နဲ.တူတူလမ်းထွက်ရှောက်ပါပြီ။ ကျမတို.အိမ်နားမှာ ဘောလုံးအားကစားကွင်းရှိပါတယ်။ မနက်ကိုဆို ၂ ပတ်လောက်ပတ်ပြီး အပြန်မှာ မေမေနဲ. ဈေးလိုက်သွား ၊ လိုအပ်တာလေးတွေ ၀ယ်ချမ်းပြီးပြန်လာပါတယ်…။ဖေဖေကတော့ အရင်ပြန်နှင့် ပါတယ်..။
ဖေဖေက အညာကပါ။ အညာသူ အညာသားတွေဟာ သူတို. ဒေသရဲ. အစားအစာတွေကို အင်မတန်မှ ကြိုက်နှစ်သက်ပါတယ်။ အထူးသဖြင့် ဆောင်းတွင်းဆိုရင် ခေါပုတ်ထောင်းစားကြပါတယ်.။ နယ်မှာဆိုရင် မောင်းစောင်ကြီးတွေနဲ. ထောင်းကြပါတယ်။ ရန်ကုန်မှာတော့ နေရာအခက်အခဲကြောင့် မေမေက ဆန်ပြာတဲ့ ဇကောကိုသုံးပါတယ်။ ထောင်းတန်ကိုတော့ ဖေဖေက မာလာကာကိုင်းကောင်းကောင်းကို သင်ပီး အချောသတ်ထားပါတယ်။ မနက်လမ်းလျှောက်ပြီးအပြန်ဆိုရင် မေမေက ကောက်ညှင်းပေါင်းကို ပေါင်းကြိုင်ကြီးနဲ.ပေါင်းထားပါတယ်။ တဖက်ကလည်း နှမ်းကို ဒယ်အိုးကြီးထဲမှာ တရှဲရှဲ နဲ. လှော်နေပါတယ်။ ဖေဖေကတော့ ခြံထဲမှာ မီးဖိုနေပါပြီ။ မေမေဈေးက ၀ယ်လာတဲ. အာပြဲခြောက် ဒါမှမဟုတ် ငရံ.ခြောက်တွေကို မီးဖုတ်နေပါပြီ။ ဆောင်းလေ အဝေ့နဲ. ဖေဖေရဲ. အာပြဲခြောက်မီးဖုတ်နံ. ၊မေမေရဲ. နှမ်းလှော်နံ.တို.ဟာ အိမ်တအိမ် လုံးကို မွှေးကြိုင်လျှက်။ ကျမတို.မောင်နှမ တွေရဲ.၀မ်းကြာကြုတ်ကို အင်မတန်မှကို မြူဆွယ်နေပါပြီ။
နှမ်းလှော် အညိုရောင်ပြောင်းသွားပြီ ဆိုရင်ပဲ ငရုတ်ဆုံထဲကို ဆားအလော်တော်လေး နဲ.ရောထည့်ပြီး မညက်တညက်လေးထောင်း ရပါတယ်။ ကျမတို.ကလည်း ခေါပုတ်ဆို အသေကြိုက်၊ ဘေးနားမှ ကြိတ်ဖို.စောင့်နေပါပြီ။ ကောက်ညှင်းပေါင်းကျက်ရင် ပဲ ဇကောထဲကို မညက်တညက်နှမ်းလှော်ကို ဖြူး ကောင်ညှင်းပေါင်ကို အပေါ်က လောင်းထည့်ပါတယ်။ ဖေဖေကလည်း သူ.ရဲ.မာလကာထောင်းတန်ကြီးကို ဆီသုတ်နေပါပြီ။ အငွေ.တထောင်းထောင်းနဲ. ခေါပုတ်ထောင်းပွဲကြီးစပါပြီ။ ခေါပုတ်က စားလို.သာအသာလေး ထောင်းရတာ အင်မတန်မှ မသက်သာလှပါဘူး။ ကောက်ညှင်းဆိုတော့ အင်မတန်မှကိုစီးပါတယ်။ မေမေက ကောက်ညှင်းကို အညက်ညီအောင် လှိမ့်ပေးရပါတယ်။
ထောင်းရတဲ့သူရော လှိမ့်ပေးတဲ့သူရော မသက်သာလှပါဘူး။ အငွေ.မသေခင် ညက်အောင်ထောင်းရတာကို။ ညက်ရင်ပဲ ကျမတို.တွေက အလားတော်လေးတွေ စီပြီး ဗန်းထဲထည့်ရပါတယ်။ ပြီးရင်တော့ ငခြောက်ဖုတ် ဆီဆမ်းလေးနဲ. လွေးလို.ရပါပြီ။ ခေါပုတ်က ပူပူနွေးနွေးလေး စားကောင်းသလို ၁ ပတ်လောက်ကြာလို မာသွားရင်လည်း ဆီလေးနဲ. ကြော်ပြီးစားရင်လည်း အင်မတန်မှကိုစားလို.ကောင်းပါတယ်။ ဆောင်းလေရဲ. နောက်တဝေ့ အခတ်မှာ မြူနံ.လေးနဲ.အတူ လန်းဆန်းသော အတွေ.အထိကြောင့် ကျမရဲ. ငိုက်မြည်းတမ်းတမှုတွေလည်း ဆောင်းလေနဲ. အတူ လွင့်သွားပြီး တနေတာရဲ. လုပ်ငန်းခွင်ကို စရပါတော့မယ်ရှင်။
10/2/08
ဖတ်ခဲ့ဖြစ်သော စာအုပ်များ
ဒီနေ.တော့ ကျမ ဖတ်ခဲ့သော စာအုပ်များကို ပို.စ်ချင်ပါတယ်..။ တခါတလေ ကျမကို ကျမ အားမရဖြစ်မိပါတယ်...။ လုပ်ချင်တာတွေ အရမ်းများနေတယ်။ ရည်ရွယ်ထားပြီး အခုထက်ထိ အကောင်အထည် မဖော်နိုင်တာတွေလည်း အများကြီးပါ။ အဲဒီအတွက်ကြောင့်လည်း ကိုယ့်ကို ကိုယ် အလွန်တရာရှက်မိပါတယ်..။
ကျမဟာ ငယ်ငယ်ကလေးတည်း က စာဖတ် အလွန်ဝါသနာပါ ပါတယ်..။ စာဖတ်ဘယ်လောက် လောဘကြီးသလဲဆိုရင် ဖေဖေက ကျမတို.မောင်နှမတွေကို အပတ်စဉ် ဂျာနယ် တွေ ၀ယ်ပေးပါတယ်...။ ကျမဟာ ဘယ်လောက်ချစ်စရာကောင်းတဲ့ သမီးဖြစ်သလဲဆိုရင် ဖေဖေကို ခါတိုင်းနေ.တွေဆိုရင် မကြိုပါဘူး ...။ အဲ ... ဂျာနယ်ထွက်တတ်တဲ့ ရက်တွေဆိုရင် ခြံဝမှသွားစောင့်နေတာပါ..။ ရောက်တယ်ဆိုရင် ပဲ....အိတ်ထဲက ဂျာနယ်တွေကို ယူပြီး ဖွတ်ပလိုက်ပါတယ်..။ သူများထက်ဦးအောင်ဖတ်ချင်တာလေ..။ ဖေဖေက သမီးရယ်....တပြိုင်နက်ထဲ ဖတ်လို.မှ မရတာ... တခြားဂျာနယ်တွေကို မောင်လေးတွေ ညီမလေးတွေကို ပေးဖတ်လိုက်ပါ...လို.ပြောရတဲ့ အထိပါ...။
မုန်.ဖိုးပေးလိုက်တယ်ဆိုရင်.... မုန်.၀ယ်စားဖို.ထက်...စာအုပ်ဝယ်ဖို.ကို ပိုစိတ်အားသန်ပါတယ်..။ စာများဖတ်ရ မယ်ဆိုရင် ထမင်းမေ့ ဟင်းမေ့....။ မေမေဆိုရင် ကျမငယ်ငယ်က ၀တ္ဃုစာအုပ်ဖတ်ရင် မကြိုက်ပါ...။ ကျမကလည်း ရအောင်ခိုးဖတ်ပါတယ်....။ ကျမကလည်း ..ကျမပါပဲ တနေ.ကိုဆိုရင် ကျောင်းစာ တစ်ပုဒ် ရချင်မှရမယ်... အဲ ၀တ္ဃု စာအုပ်ဆိုရင်တော့ .. သုံး၊ လေး အုပ် အသာလေး ပါ ....။ ကျမ ၅တန်းရောက်တော့ မေမေက အပျိုစင်၊မဟေသီ၊ ရွေအမြူတေ စတဲ့ စာအုပ်တွေကိုပေးဖတ်ပါတယ်...။ အဲဒီအရွယ်မှာတော့ကျမဟာ စာအုပ်တွေကို ရွေးဖတ်နေပါပြီ..။
ပန်းဆိုးတန်းလမ်းတို.၊ ၃၇ လမ်းတို.ဆိုတာ ကျမရဲ.ချောင်းပေါက်မတတ်သွားခဲ့တဲ့လမ်းတွေပါ..။ စာအုပ်တခါဝယ်မယ်ဆိုပြီး..ဆိုင်ထဲများဝင်မသွားနဲ. တစ်အုပ်လုံးဖတ်ပြီးမှ ၀ယ်ပလိုက်တာပါ..။ ဆိုင်ရှင်တွေက အစကတော့စိတ်ဆိုးပါတယ်... နောင်တော့ကျမအကြောင်း ကောင်းကောင်းသိတော့ ဘာမှကိုမပြောတော့ပါဘူး..။ မြို.ထဲသွားလို.ကတော့ စာအုပ်တန်းမှာ ၃၊၄ နာရီဖြုန်းပြီးတော့မှ တခြားသွားချင်တဲ့ ဆီကိုရောက်ပါတယ်...။
ကဲကဲ ....ပေ..တော်တော်လေးလည်း ရှည်သွားပါပြီ ....။ ဒါနဲ.ပဲ .. လိုရင်းမရောက်တော့ဘူး..။ ဖတ်ချင်သူများ အောက်မှာ ဒေါင်းလုပ်ယူနိုင်ပါတယ်... ရှင်..။ အားရင်အားသလို ကျမမှာရှိသော စာအုပ်များကို ဆက်ပြီးတင်ပေးသွားပါ့မယ်...။
ဆရာ နီကိုရဲ ၏ ၀တ္ထုများ
၁။ ကျွန်တော်နှင့် လက်တွဲဖေါ် များ
၂။လှည့်စား
၃။ဇွတ်
၎။ကျွန်တော်နှင့် ဈေးသည်အလွဲများ
၅။ လွယ်အိတ်ထဲက အလွဲများ
၆။ ပန်းပွင့်ကိုဖယ်ကြည့်မှ မြင်ရမဲ့ လမင်း
မင်းလူ၏၀တ္ထုများ
၁။ ငိုအားရယ်အား
၂။ အမုန်းအလိုမရှိ
၃။ ငါးလေး
၎။ အီးကော်လာ
၅။ ရေတမာ
၆။ စိန်အလွမ်း
၇။ ကြယ်ကိုးသင်းနှင့်ကောင်းကင်
၈။ ဒေ၀တာမြို.တော်
၉။ အချစ်ဟု အဓိပ္ပါယ်သက်ရောက်ခြင်းမ ရှိစေရ
မစန္ဒာ ရဲ. ၀တ္ထုများ
၁။ အရိပ်
၂။ ငယ်သူမို. မသိပါ
၃။ ငြိုးမန်ဖွဲ.သူရယ်
၎။ ဂျီဟောသူ
၅။ ဆဋ္ဌဂံ
၆။ ပန်းပွင့်ခရေ နှင့် ၀တ္ထုတိုများ
၇။ ကွက်လပ်ကလေးဖြည့်ပေးပါ
၈။ နှင်းဆီ
၉။ ပုစ္ဆာ
၁၀။ ပန်းစကား
ဆရာမ မိုးမိုးအင်းယား ၏ ၀တ္ထုများ
၁။ စိန်တပွင့်
၂။ မြန်မာပြည်မှာ နေကြသည်
၃။ မေတ္တာကမ်းပါး အချစ်သစ်ပင်
၎။ ဂျိုး
၅။ မှတဆင့်
၆။ ဘယ်သူလာလို. ကူပမယ်
၇။ မသုဓ္မစာရီ
၈။ ပျောက်သောလမ်းမှာ စမ်းတ၀ါးဝါး
၉။ ဝေဒနာကြာနီပွင့်
၁၀။ မြူမှောင်ဝေကင်း
ဆရာမ ခင်နှင်းယု ၏ ၀တ္ထုများ
၁။ အဘယ်သို.သော အကြောင်းကြောင့်
၂။ ကျွန်တော် တင်အောင်ထွန်း
၃။ ဇီဝစိုး
၎။ မွေး
ဆရာမ ဂျာနယ်ကျော်မမလေး၏ ၀တ္ထုများ
၁။ မေ့အိမ်မက်
၂။ မုန်း၍မဟူ
၃။ သွေး
ဆရာမ နုနုရီ (အင်းဝ)၊ လမင်းမိုမို နှင့် လွန်းထားထား တို. ၏၀တ္ထုများ
၁။ ပြုံး၍လည်းကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ
၂။ မောင်
၃။ မာန၏ နောက်ဆက်တွဲများ
8/22/08
နိုင်ငံရပ်ခြားရောက် မြန်မာလူငယ်များ အနာဂတ်အပေါ် စာရေးဆရာအောင်သင်းအမြင်
စာပေဝေဖန်ရေးနှင့် နာမည်ကြီးသည့် ရန်ကုန်မြို့က စာရေးဆရာကြီး ဦးအောင်သင်းသည် လူငယ်များ တိုးတက်ရေးကို စိုက်လိုက်မတ်တတ် ဟောပြော ရေးသားနေသည့် ပုဂ္ဂိုလ်တဦးဖြစ်သည်။ အသက်အရွယ် ထောက်လာသည့်တိုင် နိုင်ငံခြားရောက် လူငယ်များ မိမိတို့ စိုက်ထုတ် ရင်းနှီးခဲ့သည်များကို ချင့်ချိန်တတ်အောင် အကြံပေးလိုသည့်ဆန္ဒ ရှိနေသည်။ ရန်ကုန်မြို့မှ စာရေး ဆရာကြီး ဦးအောင်သင်းအား ခေတ်ပြိုင်ဂျာနယ် အယ်ဒီ တာချုပ် ဦးစိန်ကျော်လှိုင်က နိုင်ငံရပ်ခြားမှာ သွားရောက် အလုပ်လုပ်ကိုင်နေသည့် အထူးသဖြင့် ကာယလုပ်သား မြန်မာလူမျိုး လူငယ်များအနာဂတ်ကိစ္စ စတင်မေးမြန်းရာ ဆရာအောင်သင်းက ယခုကဲ့သို့ ဖြေကြားသည်။
ဖြေ။ ။ကိုစိန်ကျော်လှိုင်ရေ။ ဒီဆုံးမသြ၀ါဒရယ်လို့ ကျနော်မပြောပါရစေနဲ့။ ကျနော့်စိတ်ထဲမှာ ဒီကလေးတွေဟာ ဘာပဲဖြစ်ဖြစ် အခြေအနေအရ ရပ်ဝေးမြေခြားမှာ သွားပြီးတော့ စီးပွားရှာကြ တယ်။ ဘ၀ကိုတည်ဆောက်ကြတယ်ဆိုတော့ ကျနော့်စိတ်ထဲမှာ အင်မတန် သနားတယ်။ ချစ် လည်းချစ်တယ်။ ကျေးဇူးလည်းတင်တယ်။ နောက်ပြီးတော့ သူတို့အပေါ်မှာ အထင်လည်းကြီး တယ်ဆိုပါတော့နော်။
ဘာကြောင့်လဲဆိုတော့ ကိုစိန်ကျော်လှိုင် သတိထားမိလားမသိဘူးခင်ဗျာ့။ ကျနော်တို့ မြန်မာလူမျိုး တွေဟာ များသောအားဖြင့် အိုးနဲ့ အိမ်နဲ့ သိပ်မခွာချင်ကြဘူး။ ကိုယ့်တိုင်းပြည်၊ ကိုယ့်ပြည်ကနေ ရပ်ဝေးမြေခြား သိပ်မသွားချင်ကြဘူး။ ဒါပေမယ့် အဲ့ဒီကြားထဲမှာ သွားပြီးတော့ ဒီလိုလုပ်တဲ့ အတွက်ကြောင့် ကျနော် သူတို့ကို တကယ်ချီးကျူးပါတယ်။ တကယ်လေးစားပါတယ်။
အော် ငါတို့ထက်တော်တဲ့ ကလေးတွေပါလားလို့ ကျနော့်စိတ်ထဲမှာ မေတ္တာထားမိပါတယ်။ ဒါကြောင့် ကျနော်တို့ သူတို့ကို စကားပြောချင်တာက ပြောတဲ့အခါမှာ အဆုံးအမရယ်လို့ မဟုတ် ဘဲနဲ့ သူတို့ရဲ့အဖိုး၊ သို့မဟုတ်လို့ရှိရင်လည်း အင်မတန်ရင်းနှီးတဲ့ ဘကြီး၊ ဦးကြီးအဖြစ်နဲ့ ကျနော် ပြောချင်တာပါ။
မေး။ ။ဟုတ်ကဲ့ အဲဒီလို ပြောတဲ့နေရာမှာ ကျနော်တို့ အခု ဆရာပြောတဲ့ လူငယ်အမျိုးအစား တွေကို ပြန်ကြည့်တဲ့အခါကြတော့ မြန်မာနိုင်ငံကနေ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကြတယ်ဆိုတဲ့ နေရာမှာ အထူးသဖြင့် ကိုရီးယားတို့၊ ဂျပန်တို့၊ နောက်တခါ မလေးရှားအစရှိတဲ့ နိုင်ငံတွေမှာ ပုံစံ အမျိုးမျိုးနဲ့ လုပ်အားကို အသုံးချပြီး အထူးသဖြင့် ကိုယ်ကာယ လုပ်အားကို အသုံးချပြီး လုပ်ကြ ရတဲ့ လူငယ်တွေ အတော်လေးများပါတယ်။ ဆိုတော့ အရေအတွက် အတော်လေးများများလာ ပါတယ်။ အထူးသဖြင့် စီးပွားရေး ကြပ်တည်းတဲ့အခါမှာ မလွှဲမရှောင်သာ ခုနဆရာပြောသလို ကိုယ့်အိမ်ကိုယ့်ယာ ခွာချင်လို့ မဟုတ်ဘဲနဲ့ မလွဲမသွေ ခွာဖို့ဖြစ်လာတဲ့အကြောင်းတွေရှိလာလို့ ခွာကြတဲ့ လူတွေလည်း ပါပါလိမ့်မယ်။ ဘာများဆရာ့အနေနဲ့ ပြောချင်ပါလဲခင်ဗျာ။
စွန့်တယ်ဆိုတာ စားရဖို့
ဖြေ။ ။အဲဒါနဲ့ပတ်သက်ပြီးတော့ သူတို့ရဲ့ဘ၀လေးတွေကို ကျနော် ခဏခဏစဉ်းစားမိပါတယ်။ စဉ်းစားလိုက်တဲ့အခါကြတော့ သူတို့မှာလေ အရင်းအနှီး တော်တော်ကြီးပါတယ်။ အရင်းအနှီး ဆိုတာ ကိုစိန်ကျော်လှိုင်ရေ… ရင်းနှီးလိုက်ပြီဆိုရင် အမြတ်လိုချင်လို့ပဲ။ အကျိုးအမြတ်လိုချင်လို့ပဲ။ အဲတော့ အရင်းအနှီးဆိုတာ ကုန်ဆုံးသွားတာ။ ဥပမာဆိုပါတော့။ ကိုစိန်ကျော်လှိုင်က ဘူးသီးစိုက် တယ်။ စပါးစိုက်တယ်။ အဲဒီစပါးကို ရောင်းလိုက်ရတယ်ဆိုတာ ကိုယ်က ပေးလိုက်ရတာပဲ။ ပြီး တော့မှ ရလာတဲ့ဥစ္စာ အကျိုးအမြတ်။ အဲဒီလိုဆိုတဲ့အခါကြတော့။ အရင်းအနှီးဆိုတာက ကိုယ်က ပေးလိုက်ရတာပဲ။ အဲဒီပေးလိုက်ရတဲ့ ဥစ္စာက အကျိုးအမြတ်ရှိမှ စွန့်စားရကျိုး နပ်မှာပေါ့။
သဘောကတော့ စွန့်တယ်ဆိုတာ စားရမှာပေါ့ ကိုစိန်ကျော်လှိုင်ရယ်။ ဟုတ်လား။ မစားရပဲနဲ့ စွန့် တယ်ဆိုတာ အဓိပ္ပာယ်မှမရှိဘဲနဲ့။ ဒါကြောင့် သူတို့တွေကို ကျနော် ပထမဦးဆုံး သတိပေးချင်တာ ကတော့ ကိုယ်စိုက်ထားရတဲ့ အရင်းအနှီး နို့မဟုတ်လို့ရှိရင် ကိုယ့်ဘက်ကနေ ဆုံးရှုံးခံလိုက်ရတဲ့ အရင်းအနှီးကို တွက်စေချင်တယ်။ အဲဒါကို ပထမဦးဆုံး သတိပေးခြင်ပါတယ်။
လူငယ်များရင်းနှီးခဲ့သည့် အရင်းအနှီးအမျိုးအစား
အဲဒီ့သတိပေးခြင်တာ ပထမဦးဆုံး နံပါတ် (၁) မြင်သာတဲ့ အရင်းအနှီးက ဘာလဲဆိုလို့ရှိရင် ဥပမာ- ငွေ (၅) သိန်းပဲ ကုန်မယ်၊ (၁၀) သိန်းပဲကုန်မယ်။ (၁၅) သိန်းပဲကုန်မယ် အဲဒီငွေဟာ ဘယ်လိုရင်းနှီး ရတယ်ဆိုတာ ပုံစံ တယောက်နဲ့ တယောက်မတူဘူး။ တချို့ကြတော့ မိဘကပေးနိုင်လို့၊ တချို့ ကြတော့လည်း ကိုယ်ပိုင်ပိုက်ဆံရှိလို့၊ ငွေကြေးရှိလို့၊ တချို့ကြတော့လည်း ချေးငှားပြီးတော့ သွား ရတယ်။ ချေးငှားသွားတဲ့အခါမှာလည်း အတိုးက ကြီးသလား၊ နည်းသလား၊ အဲဒီလိုဆိုတော့ အဲဒီ ဟာတွေက မြင်သာတဲ့ အရင်းအနှီးတွေပါ။ အဲဒီ့ မြင်သာတဲ့ အရင်းအနှီးအကြောင်းကိုတော့ ကျနော် မပြောတော့ဘူး။ သူတို့ဘာသာသူတို့ မြင်တတ်တယ်။ ငါ ဒီလောက်ငွေကုန်ထားပြီ။ ဘယ်လောက် အရင်းအနှီးရှိတယ်။ ငါဘယ်လောက် စိုက်ထုတ်ရလိမ့်မယ်။ ဘယ်လောက် အကျိုးရှိမှဖြစ်မယ် ဆိုတာ သူတို့ တွက်နိုင်ပါတယ်။ ကျနော် အခုပြောချင်တာက မမြင်သာတဲ့ အရင်းအနှီးတွေကို သတိပေးချင်ပါတယ် ကိုစိန်ကျော်လှိုင်။
အရွယ်အရင်းအနှီး
အဲဒါတွေထဲမှာ ပထမဦးဆုံးကတော့ ကိုစိန်ကျော်လှိုင်ရေ သူတို့ကိုယ်သူတို့ သတိမထားမိတဲ့ အရင်း အနှီးကို ကျနော်ပြောချင်ပါတယ်။ အဲဒါကတော့ အရွယ်၊ အသက်အရွယ်ဆိုတာ အရေးကြီးပါတယ်။ ဆိုပါတော့ ကိုစိန်ကျော်လှိုင်ရယ်။ ကလေးတယောက်က အသက် (၂၂) နှစ်မှာ နိုင်ငံခြားကို ထွက် တယ်။ အဲဒီ (၂၂) နှစ်ဆိုတော့ (၃) နှစ် လုပ်မယ်ဆိုလို့ရှိရင် သူပြန်လာတဲ့အချိန်မှာ အသက် (၂၅) နှစ် ဖြစ်သွားပြီ။ တကယ်လို့ အသက် (၂၅) နှစ်မှာ ထွက်မယ်။ (၃) နှစ်ဆိုရင် သူပြန်လာတဲ့အခါကြ အသက် (၂၈) နှစ် ဖြစ်သွားပြီ။
အသက် (၂၅) နှစ်ကြမှ ထွက်ဖြစ်တယ်ဆိုရင် (၅) နှစ်နေမယ်ဆိုရင် အသက် (၃၀)။ ကိုယ့်အရင်း အနှီးက အဲဒီ့ (၃) နှစ်၊ (၅) နှစ်ပေးလိုက်တဲ့ အရင်းတွေသည် အရွယ်ကောင်းတွေဖြစ်နေတော့ အင်မတန်ကောင်းတဲ့ အရွယ်ကို ကိုယ်ပေးလိုက်ရတာ။ ပေးလိုက်ရတာအခါကြတော့ ဥပမာ အသက် (၃၀) ကျော်သွားမယ်ဆိုလို့ရှိရင် နောက်တခါ ပြန်သွားတဲ့အခါကြ သင်္ဘောဆိုလို့ရှိရင် လည်း သင်္ဘောသားဆိုရင်လည်း လက်မခံတော့ဘူးနော် ကိုစိန်ကျော်လှိုင်။
အဲဒီတော့ ပြောချင်တာက အဲဒီအရွယ်အရင်းအနှီးကို ကြပ်ကြပ်ကြီး သတိထားဖို့လိုမယ်လို့ ကျနော် ပြောချင်ပါတယ်။ အဲဒီတော့ ပထမဦးဆုံး အရွယ်အရင်းအနှီးပါ။ အဲဒီ့ အရွယ်အရင်းအနှီးကို ဆုံးရှုံး လိုက်တဲ့ ကိစ္စဟာ ပေါ့ပေါ့သေးသေး မထင်နဲ့။ နောက်တခါပြန်ပြီး အလုပ်တခုကို စဖို့လို့အတွက်ကို တော်တော်လေး အခက်အခဲကြုံသွားတတ်ပါတယ်။ ဥပမာဆိုပါတော့ အသက် (၂၂) နှစ်နဲ့ အသက် (၃၀) ဆိုလို့ရှိရင် တော်တော်ကွာသွားပြီ။ အသက် (၂၅) နှစ်နဲ့ (၃၀) ဆိုရင်လည်း တော်တော် ကွာသွားပြီ။
အဲဒီတော့ အလုပ်ရှင်တွေ လိုချင်တဲ့ ဥစ္စာက ငယ်ငယ်အရွယ် သန်တုန်းမြန်တုန်းကို လိုချင်တာပေါ့။ အထူးသဖြင့် ကာယကိုအားပြုပြီး၊ အားစိုက်ပြီးလုပ်ရတဲ့ သူတွေဆိုလို့ရှိရင် ပိုပြီးတော့ အဲဒီဟာကို တန်ဖိုးထားကြတယ်။ အဲဒီတော့ အရွယ်အရင်းအနှီးဟာ သိပ်ပြီးတော့ အရေးကြီးတယ်ဆိုတာကို ပထမဦးဆုံး သိဖို့လိုပါတယ် ကိုစိန်ကျော်လှိုင်ရေ။ ဒါ သူတို့ သတိထားဖို့ပါ။ ကောင်းပြီ။ အဲဒီတော့ ကျနော်ဒါတွေပြောနေတာ တခြားကြောင့်မဟုတ်ဘူးနော်။ နောက်ပိုင်းရောက်တဲ့အခါကြတော့ ပိုပိုပြီး ထင်ရှားလာလိမ့်မယ်။ သိပ်အရေးကြီးပါတယ်။
ဦးနှောက်အရင်းအနှီး
နောက်တခုက ဘာလဲဆိုတော့ ဦးနှောက်အရင်းအနှီး။ ဦးနှောက်အရင်းအနှီးဆိုတာက နိုင်ငံခြားကို သွားလိုက်တယ်။ ဥပမာဆိုပါတော့။ ပညာနဲ့ အလုပ်လုပ်ဖို့သွားလိုက်တယ်။ အဲ့ ပညာနဲ့။ အခုဆို ပါတော့ ကျနော့် တပည့်တပန်းတွေထဲက၊ ကျနော့်ဆွေမျိုးသားချင်းလို ဖြစ်နေတဲ့ ကလေးတွေထဲက ဥပမာ- ကုလသမဂ္ဂမှာ သွားအမှုထမ်းတယ်။ သူတို့က ဆည်းပူးနိုင်တယ်။ ဟိုမှာ ဆည်းပူးစရာ ပညာတွေရှိတယ်။ ပညာတိုးတိုးနေတာ။ မဆည်းပူးလို့လည်းမရဘူး။
သူတို့လုပ်ငန်းက ကာယလုပ်ငန်းအနေနဲ့ ထွက်တဲ့အခါကြတော့ ဆည်းပူးဖို့ အချိန်မရှိဘူး။ မရှိတဲ့ အခါကြတော့ သူတို့က ခိုင်းတာလုပ်တာကြီး အကျင့်ပါသွားတယ်။ အဲဒီတော့ ကိုယ်ကိုယ်တိုင်က ဒီဦးနှောက်နဲ့ ကြံစည်တွေးတောတဲ့ဘက်မှာ သူက ခြောက်ခန်းသွားတယ်။
ဆိုကြပါစို့။ သံချည်သံကွေး လုပ်တယ်ဆိုပါတော့။ သံချည်သံကွေး လုပ်ပြီးတော့ သံချည်သံကွေးရဲ့ ဟိုဘက် ဘာတတ်စရာရှိသေးလဲ။ ဥပမာ- ဘာမှတတ်စရာ သိပ်မရှိတော့ဘူး။ စားပွဲထိုးဆိုပါတော့။ စားပွဲထိုး ကျွမ်းကျင်တယ်။ ကောင်းပြီ။ ဒါမှမဟုတ်လို့ရှိရင်လည်းပဲ စက်ရုံအလုပ်သမားလုပ်တယ်။ စက်ရုံမှာ အလုပ်ကြမ်းလုပ်ရတယ်။ သူ့အတွက် ဘာပညာတိုးတက်ဖို့ရှိလဲ။
ဥပမာ- ကားမောင်းတယ်။ ကားမောင်းတာကနေပြီးတော့ ပိုက်ဆံတော့ရနေတာပေါ့။ ဒါပေမယ့် သူ့ရဲ့အဖို့မှာ ဘာဖြစ်သွားလဲဆိုတော့ ရှေ့ဆက်ဖို့လို့အတွက်ကို သိပ်ပြီးတော့ တော်တော်ခက် သွားတယ်။ ဒါကြောင့်မို့လို့ ပညာမတိုးဘဲနဲ့ သူများခိုင်းတာသာလျှင် လုပ်ရတဲ့ ဦးနှောက်ကို ထုတ်ပေးနေရတဲ့ဟာ။ ကိုယ့်ဦးနှောက်နဲ့ ကြံစည်ဖို့ အချိန်မရဘူး။ အဲဒီလို ဖြစ်သွားတတ်တယ်။ ဒါကြောင့်မို့လို့ အဲဒီဦးနှောက် အရင်းအနှီးပေါ့။ အင်္ဂလိပ်လိုပြောရင်တော့ creative thinking ပေါ့နော်။ ကိုယ့်အတွက် ငါဘာလုပ်မလဲဆိုတော့ စဉ်းစားပြီးတော့ တီထွင်ကြံစည်တဲ့ စိတ်ကူး စိတ်သန်း ခေါင်းပါးသွားတတ်တယ်။ တီထွင်ဥာဏ်တုန်းသွားတတ်တယ်။ အဲဒီအရင်းအနှီးက တော်တော်ကိုကြောက်ဖို့ကောင်းပါတယ်။
ဘယ်လောက်ထိ ကြောက်ဖို့ကောင်းသလဲဆိုလို့ရှိရင် ကိုယ့်တိုင်းကိုယ့်ပြည်ကို ပြန်လာလိုက်တယ်။ ပြန်လာလိုက်တဲ့အခါကြတော့ အဲဒီ ကိုယ်နေခဲ့တဲ့ (၄-၅) နှစ် အတောအတွင်းမှာ သူငယ်ချင်းတွေက သူ့လိုငွေရင်းငွေနှီးမရှိတဲ့အတွက်ကြောင့်မို့လို့ ပြည်ပကို မသွားနိုင်ဘူး။ မသွားနိုင်တဲ့အတွက်ကြောင့် ကိုယ့်ပြည်တွင်းမှာပဲနေတယ်။
နေတဲ့အခါကြတော့၊ ဥပမာဆိုပါတော့။ မြေပဲစိုက်ခင်းလုပ်တဲ့ ကလေးတယောက်ရှိတယ်။ မြေပဲကို ဒီအတိုင်းရောင်းတယ်။ နောက်ကြတော့ ငါ ဒီအတိုင်းနေလို့ရှိရင် ငွေအမြတ်နည်းတယ်။ အဲဒီတော့ ဒီမြေပဲကို ငါကိုယ်တိုင်သွားပြီးတော့ မုံရွာကနေပြီးတော့ မန္တလေးကို သွားချမလား။ နို့မဟုတ်ရင် ရန်ကုန်အထိအောင် ဆင်းမလား။ ဒါတွေ စဉ်းစားလာတယ်။ အဲဒီတော့ ကူးသန်းရောင်းဝယ်ရေးကို သူသဘောပေါက်လာတယ်။
ဒါမှမဟုတ်လို့ရှိရင် မြေပဲကို ဒီအတိုင်း ရောင်းမလား။ နို့မဟုတ်လို့ရှိရင် လှော်ပြီးတော့ ရောင်းမ လား။ အထုပ်လေးတွေနဲ့ ရောင်းမလား။ စသည်အားဖြင့် added value ပေါ့နော်။ နောက်ထပ် ကိုယ်ရောင်းတဲ့ပစ္စည်းကို ကိုယ်လုပ်တဲ့လုပ်အားကို ပိုပြီး ကောင်းသထက်ကောင်းအောင် တီထွင်လာတဲ့အခါကြတော့ အဲဒီ နိုင်ငံခြားသွားပြီးတော့ စီးပွားရှာပြီးတော့ ပြန်လာတဲ့ကလေးက
ဒီ (၄-၅) နှစ်ရှိလို့ ပြန်ရောက်လာတဲ့အချိန်မှာ သူ့ သူငယ်ချင်းက သူ့ထက်ကြီးပွားတိုးတက်နေတာ၊ ဖြစ်ထွန်းနေတာ ဖြစ်သွားတတ်တယ်။
အဲဒီတော့ ကိုယ်က တီထွင်မှုခေါင်းပါးသွားတဲ့ ဥစ္စာဟာ အန်မတန်ကြောက်စရာကောင်းတယ်။ ဒါကြောင့်မို့လို့ တီထွင်မှု ခေါင်းပါးသွားတဲ့ဟာမျိုး၊ ဦးနှောက်အရင်းအနှီးမျိုး ကုန်မသွားစေချင်ဘူး။ ဒါကျနော် သူတို့အတွက် စိုးရိမ်တဲ့အချက် ဖြစ်ပါတယ်။
ဦးနှောက်အရင်းအနှီး မတုံးစေလိုလျှင်
မေး။ ။အဲလိုမျိုး တီထွင်တဲ့ ဦးနှောက်တုံးမသွားအောင် အခုလောလောဆယ်မှာ အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားမှာ ကိုယ်ကာယကို အားပြုလုပ်ရတဲ့ လူငယ်တွေအနေနဲ့ ဘာလုပ်သင့် တယ်လို့ ဆရာအကြံပေးခြင်လဲခင်ဗျ။
ဖြေ။ ။ ဒီလိုခင်ဗျ။ ကျနော် အဲဒီဟာနဲ့ ပတ်သက်ပြီး တော်တော်လေး စဉ်းစားပါတယ်။ သူတို့ က ပင်ပန်းတဲ့အခါကြတော့ စာဖတ်ဖို့ အချိန်မရဘူး။ ဥပမာ- ပြန်သွားတယ်ဆိုလို့ရှိရင် လုပ်အားပေး ရ အချိန်ပိုဆင်းရတာတွေရှိတယ်။ ပြန်သွားရပြီဆို သူတို့က အိပ်ချင်ပြီ။ တနင်္ဂနွေ တပတ်ကလေးမှာ တရက်တလေ ရပြန်တော့လည်း အပျော်အပါးလေး ဘာလေး သွားချင်၊ လာချင် အဲလိုကုန်ကုန် သွားတယ်။ အဲဒီတော့ အဲဒီအချိန်တွေဟာ သူတို့ကုန်နေတဲ့အချိန်တွေကို တန်ဖိုးထားတတ်ဖို့ အရေးကြီးပါတယ်။
အဲဒီတော့ကို ဥပမာ- ကျနော်အကြံဥာဏ်ပေးခြင်တာက သူနဲ့ အနီးစပ်ဆုံး အထက်ဆင့် လုပ်ငန်း ပေါ့ ဥပမာ- သူသံချီ သံကွေးကို သူလုပ်နေတယ်။ သံချီသံကွေးကို သူလုပ်နေရင်းကနေပြီးတော့ အထက်ဆင့်ဖြစ်တဲ့ ပန်းရံကိုင်တဲ့လုပ်ငန်း။ အထူးသဖြင့် သံချီသံကွေးအတွက် မူလ ဘောင်ချပေး တဲ့ စီမံကိန်းလုပ်ငန်း၊ ဘယ်လိုဘယ်လိုရှိရတယ် ဘယ်လိုဘယ်လိုလုပ်ရတယ်ဆိုတာတွေ။ အနီးစပ် ဆုံးလုပ်ငန်းတွေကို သူကနောက်တဆင့် နောက်တဆင့် တက်တက်ပြီးတော့ သိအောင် လုပ်နေ ရင်းကနေ အနားမနေဘဲနဲ့ ဦးနှောက်နဲ့ မျက်စိကို အနားမနေဘဲနဲ့ ဆက်ပြီးတော့ ကြိုးပမ်းသွားမှ သာလျှင် သူတို့ဟာ ရပြီးသားဖြစ်လိမ့်မယ်လို့ တွက်တယ်။
ဥပမာ ကားမောင်းတယ်ဆိုပါတော့။ ကားမောင်းတဲ့လုပ်ငန်း လုပ်နေရတာပဲ။ သူက ကားမောင်းနေ ရတာပဲ။ ဒါပေမယ်လို့ သူနဲ့ အနီးစပ်ဆုံးက စက်ပြင်တဲ့ လုပ်ငန်း။ အဲဒီ စက်ပြင်တဲ့လုပ်ငန်းကို ဆက်လက်ပြီး ဆည်းပူးသင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဥပမာ- ကွန်ပျူတာလုပ်ငန်းကို လုပ်နေ တဲ့ကလေးဟာ ဒီကွန်ပျူတာနဲ့ ပတ်သက်ပြီးတော့ စာစီစာရိုက်၊ စာရင်းအင်းပေါ့။ တွက်တာလောက်၊ စာရင်းသွင်းတာလောက်၊ ထုတ်တာလောက်၊ အဲလောက်လေးတင်မကဘဲနဲ့ အဲဒီထက်ပိုပြီးတော့ မြင်တဲ့ ဥပမာ- ပရိုဂရန်းမင်းလို ဟာမျိုး။ ဟုတ်လား အဲဒါမျိုးထိအောင် ဆက်ပြီးလေ့လာတာမျိုး။
သခင်စိတ်ထားပါ သူခိုးစိတ်မထားပါနှင့်
ပြောချင်တာက သီးခြားကြီး မလုပ်နိုင်တော့ဘူးဆိုရင် ကိုယ်နဲ့မပြတ်တဲ့ နောက်တဆင့်ကို ဆက်ပြီး တော့ အမြဲတန်း မပြတ်လေ့လာနေပါလို့ ကျနော်ပြောချင်ပါတယ်။ အဲဒီ့ဥစ္စာက ဘာလဲဆိုလို့ရှိရင် မိမိကိုယ်မိမိ ရိုသေပြီးတော့နေတဲ့ သခင်စိတ်နဲ့ ကြိုးပမ်းနေတာပေါ့။ သူများ ခိုင်းတာတင် လုပ်နေ တယ်ဆိုလို့ရှိရင် အဲဒါ ကျွန်စိတ်နဲ့ တာဝန်ကျေအောင်လုပ်နေတာတင်ပဲ ဖြစ်မယ်။
အဲဒီကြားထဲမှာမှ ကိုယ်က တတ်နိုင်သမျှ အသက်သာခိုပြီးတော့ ကပ်ပြီးတော့နေမယ်ဆိုလို့ ရှိရင် အဲဒါ သူခိုးစိတ်ခေါ်တယ်။ ကျနော့်စိတ်ထဲမှာ သူခိုးစိတ်မဖြစ်စေချင်ဘူး။ နောက်ပြီးတော့ ကျွန်စိတ် လည်း မဖြစ်စေချင်ဘူး။ သခင်စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ပိုင်နိုင်အောင်လေ့လာစေချင်တယ်။ ကိုယ် ရတဲ့ ဥစ္စာသည် ငွေကြေးတွင်မကဘဲနဲ့ ငါသည် ပညာမပါဘဲနဲ့ ကိုယ့်ရပ်ကိုယ့်ရွာကို မပြန်ဘူးဆိုတဲ့ စိတ်မျိုးနဲ့ လေ့လာစေချင်တယ်။ အကောင်းဆုံးနည်းကတော့ ကိုယ့်လုပ်ငန်းနဲ့ အနီးစပ်ဆုံး နေရာ မှာရှိတဲ့ အဆင့်မြင့်ဆုံးပညာကို ရနိုင်သမျှရအောင် ကြိုးပမ်းခြင်းသည် ပြန်လာလျှင် အင်မတန်ကြီး တဲ့ အမြတ်ဖြစ်လိမ့်မယ်လို့ ကျနော်ပြောချင်ပါတယ်။
မေး။ ။ဟုတ်ကဲ့ဆရာ။ အဲတော့ တဘက်ကလည်း ပြန်ကြည့်လို့ရှိလျှင် ကနေ့လူငယ်တွေ အများစုပေါ့နော် အခုလို နိုင်ငံရပ်ခြားမှာသွားပြီးတော့ အလုပ်လုပ်ကြရတယ်ဆိုတာ အများအားဖြင့် ပြည်တွင်းမှာ စီးပွားအကျပ်အတည်းတွေဖြစ်ပြီးတော့မှ သွားကြရတာများပါတယ်။ ဆရာပြောသလို အရင်းအနှီးတွေလည်း တော်တော်များပါတယ်။ သို့သော် တဘက်က ဆရာ့အနေနဲ့ နောင်နိုင်ငံခြား သွားမယ့်လူငယ်လေးတွေကို စိုးရိမ်မိတော့ သူတို့အတွက် အားပျက်သွားစေနိုင်မယ့် အနေအထား မျိုး ရှိနိုင်မယ်လို့များ ယူဆမိလားခင်ဗျ။
ဖြေ။ ။ကိုစိန်ကျော်လှိုင်ပြောတာ ဟုတ်ပါတယ်။ အားပျက်တယ်ဆိုတာနဲ့ အားပျက်သွားမယ် ဆိုတာနဲ့ အသင့်ပြင်တာနဲ့ဆိုတာက တမျိုးစီပါ။ တကယ်လို့ အားပျက်သွားမယ် ဆိုလို့ရှိလျှင် ပျက်နိုင်တယ်။ ပျက်တယ်ဆိုတာ တကယ့်ကို ပျက်သွားမယ်ဆိုလို့ရှိလျှင် အခြေအနေအကုန်လုံးကို ကိုယ့်အခြေအနေ အကုန်လုံး။ ပတ်ဝန်းကျင်အခြေအနေ အကုန်လုံးကို ကြည့်ပြီးတော့မှ ပျက်သွား ပြီး မသွားဖြစ်တာဟာ သွားပြီး ဒုက္ခရောက်တာနဲ့စာရင် အင်မတန်သက်သာပါတယ်။
တကယ်လို့ သွားမယ်ဆိုလို့ရှိလျှင် အားမပြတ်စေတဲ့ နည်းလမ်း အဲဒါတွေ အကုန်လုံးတွက်၊ ဒါတွေ ငါရင်ဆိုင်နိုင်သလား၊ အဲဒီအရင်းအနှီးတွေ ငါပေးနိုင်သလားတွက်၊ တွက်ပြီးမှ သွားလို့ရှိလျှင် ဒီ (Prepare) နော်။ ကိုယ့်ကိုယ်ကိုယ် အသင့်ပြင်သွားတဲ့အတွက်ကြောင့် အဲဒီလိုကလေးမျိုးအတွက် ပိုပြီး အကျိုးရှိလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။
မိသားစုပတ်ဝန်းကျင်အရင်းအနှီး
မေး။ ။ဟုတ်ကဲ့ အများကြီးကောင်းပါတယ်ဆရာ။ အခုလို ဆွေးနွေးပြောပြတာလေ။ လူငယ် တွေအတွက်ကို။ နောက်ထပ်ရော ဆရာ့အနေနဲ့ ဒီထက်ပိုပြီးတော့ လူငယ်တွေကို ဘာများမှာကြား ချင်သေးလဲခင်ဗျ။
ဖြေ။ ။ကျနော်ပြောမယ် ကိုစိန်ကျော်လှိုင်ရေ။ ကျနော် ခုနဥစ္စာပြန်ဆက်ချင်တယ်။ အဲဒီဆုံးရှုံး မှုတွေဆိုလိုက်တဲ့ ကိစ္စထဲမှာနော်။ အရင်းအနှီးတွေအထဲမှာ ပထမဦးဆုံး စပြီးတော့ အရင်းအနှီးက ဘာလဲဆိုတော့ မိသားစု ပတ်ဝန်းကျင်။ ကိုယ့်မိသားစုနဲ့ ကိုယ်ကင်းကွာသွားပြီးတော့ အဲဒီကင်းကွာ သွားတဲ့ (၅) နှစ်အတွင်းမှာ အပြောင်းအလဲတွေ အများကြီးဖြစ်နိုင်တယ်။ ညီမလေးက အိမ်ထောင် ကျသွားနိုင်တယ်။ အကိုဖြစ်တဲ့သူက အိုးခွဲသွားနိုင်တယ်။ မိဘဖြစ်တဲ့သူက ကျန်းမာရေးချို့တဲ့လာ နိုင်တယ်။ အမျိုးမျိုးဖြစ်သွားနိုင်တယ်။
အဲဒီဥစ္စာမျိုးတွေမှာ ကိုယ်က တာဝန်ယူရတဲ့ဟာမျိုးတွေ ပါလာနိုင်တယ်။ တာဝန်မယူဘဲနဲ့ နေနိုင် တာလည်း ပါလာနိုင်တယ်။ အဲတော့ တာဝန်ဆက်ယူရမယ်ဆိုလို့ရှိရင် အဲဒီ့အရင်းအနှီးအတွက်က လည်း သူက ပြင်ဆင်ရတော့မယ်။
အဲဒါ ခုနက ပြောတဲ့ မိသားစုပတ်ဝန်းကျင် အရင်းအနှီး။ ပြီးတော့ ဆိုကြပါစို့။ မိဘကနေပြီးတော့ မကျန်းမာဘူးဆိုလို့ရှိလျှင် ကိုယ်က ပစ်ထားလို့လည်းမရဘူး။ တတ်နိုင်သမျှ တဘက်တလမ်းက တာဝန်ယူရတော့မယ်။ အဲဒီအရင်းအနှီးတွေကလည်း ရှိသေးတယ်။ အဲဒါ ကျနော် မိသားစုအရင်း အနှီး။ နောက်တခုက ဘာလဲဆိုတော့ ပြောင်းလဲသွားတဲ့ အပြောင်းအလဲတွေ။ အဲဒီ့ အပြောင်းအလဲ တွေရဲ့ အရင်းအနှီးတွေ။ ဥပမာဆိုကြပါဆို့။ ကိုယ်သွားတုန်းက စီးပွားရေးဝန်းကျင်ကတမျိုး။ ခု ကိုယ်ပြန်လာတော့ တမျိုး။ စီးပွားရေး ၀န်းကျင်က ပထမတုန်းက ကိုယ်သွားတဲ့လမ်းတွေက ရေလမ်း။ ခုကားလမ်းဖြစ်သွားပြီ။ ပထမတုန်းက ကိုယ်သွားတဲ့ ကားလမ်းတွေ ခုကျ ရထားလမ်း ဖြစ်သွားပြီ။
အဲဒီတော့ ကိုယ့်အတွက်က ကုန်သွယ်မယ်ဆိုရင် စီးပွားရေး လမ်းကြောင်းတွေက တော်တော် များများပြောင်းလဲကုန်ပြီ။ အများကြီး။
နောက်တခုက ပတ်ဝန်းကျင်ကြီးတခုလုံးက ပြောင်းသွားတာတွေလည်းရှိသေးတယ်။ ဥပမာဆို ပါတော့။ ကိုယ်သွားတုန်းက ကိုယ့်ပတ်ဝန်းကျင်က ကွင်းပြင်ကြီး ခုကြတော့ ကွန်ဒိုမီနီယံတိုက် ခန်းတွေဖြစ်နေတတ်တယ်။ တခါတရံကျတော့ ကိုယ်နေခဲ့တဲ့ ရွာလေးက ပျောက်သွားတယ်။ အဲဒါက ခုနကပြောတဲ့ စီမံကိန်းထဲမှာပါသွား။ ကိုယ်သွားတုန်းက ရွာလေးမဟုတ်တော့ဘူး။ စိုက်ပျိုးရေးဝန်းကျင်ကြီး ဖြစ်သွားတတ်တယ်။ မွေးမြူရေးဝန်းကျင်ကြီး ဖြစ်သွားတတ်တယ်။
ကိုယ်သွားတဲ့အခါတုန်းက ကျေးရွာ။ အခုကျတော့ ရေကြီးလို့ ဘာကြီးလို့ အစရှိသဖြင့် အမျိုးမျိုး ပြောင်းလဲသွားနိုင်တယ်။ အဲဒီ ပတ်ဝန်းကျင်အပြောင်းအလဲတွေကလည်း ရှိပါသေးတယ်။ အဲဒါကလည်း တချက်စဉ်းစားရမယ်နော်။
နောက်တခုက ဘာလဲဆိုတော့ ကိုယ်က စုဆောင်းထားတဲ့ငွေက ဘယ်မှာထားလဲ။ ကိုယ့်ဆီမှာ ထားသလား။ ဘဏ်မှာထားသလား။ ကိုယ့်လက်ထဲမှာ စုထားသလား။ အိမ်ပြန်ပြီးပို့ရလား။ ပို့ရ လို့ရှိလျှင် အဲဒီငွေကြေးကို ထိန်းသိမ်းတဲ့သူက ဇနီးလား၊ မိဘလား။ ဆွေမျိုးသားချင်းထဲကလား။ သို့မဟုတ်လို့ရှိလျှင် အပေါင်းအသင်းထဲကလား။ သို့မဟုတ်လို့ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေလား။
အဲဒီတော့ ဇနီးသည်ဆီ ပို့မယ်ဆိုပါတော့။ ဇနီးသည်က ငွေကြေးထိန်းသိမ်းတဲ့ ဥစ္စာမလိမ္မာဘူး ဆိုပါတော့။ ကိုယ်ပြန်လာတဲ့အခါကြတော့ အဲဒီဘာမှမရှိတော့ဘူး။ ကိုယ့်လက်ထဲမှာ ယူပြီးပြန် လာတဲ့ငွေက (၂) သိန်း၊ (၃) သိန်းပဲရှိလျှင် အဲဒါလေးပဲ။ အဲဒါလေးနဲ့ သူငယ်ချင်းအပေါင်းအသင်း တွေနဲ့ တလလောက် စားလိုက်သောက်လိုက်တဲ့အခါကြတော့ ပိုက်ဆံ သုံးစရာမရှိတော့ဘူး။ အရင်းအနှီး ဘာမှလုပ်စရာမရှိတော့ဘူး။ မရှိတော့ကို နောက်ထက်တခါချေးပြီးတော့ တခါပြန် ထွက်ရတယ်။
အဲဒီလို အဖြစ်မျိုးတွေလည်း ကျနော့်မျက်စိအောက်မှာ တွေ့တွေ့နေရတယ်။ အဲဒါ ဇနီးသည် မလိမ္မာလို့ရှိလျှင် ပြောတာ။ ဇနီးသည်က လိမ္မာလို့ရှိလျှင်တော့ ပို့လိုက်တဲ့ငွေကို ပြန်ပြီးတော့ တိုးပွားအောင်၊ ခိုင်မြဲအောင် လုပ်ထားနိုင်တယ်။ ဒါ အားကိုးရတဲ့အခြေအနေ။
ကောင်းပြီ မိဘကထိန်းမယ်။ မိဘက ထိန်းမယ်ဆိုတဲ့အခါကျတော့ မိဘလက်ထဲမှာ အမြဲတန်းရှိ နေမှလား။ သို့မဟုတ် တခြားသော သားချင်းတွေရဲ့ ပြဿနာတွေ ပေါ်လာနိုင်သလား။ ဥပမာ- အကိုအကြီးဆုံးဖြစ်တဲ့သူက စီးပွားရေးပျက်သွားလို့၊ အလုပ်ပြုတ်သွားလို့ (သို့မဟုတ်) အချုပ်ထဲ
ဝင်သွားရလို့ ပိုက်ဆံကုန်သွားတယ်ဆိုပါတော့။ ဒီဟာ စိုက်ထုတ်ပြီး မိဘက သုံးလိုက်ရတယ်ဆိုပါ တော့။ ကိုယ်ဘယ်လိုလုပ်မလဲ။
ကျနော်ပြောချင်တာက ကိုယ့်အခြေအနေ။ ကိုယ်လုပ်ထားတဲ့ စီးပွားဟာ ကိုယ့်နေရပ် ဇာတိမြေမှာ ဘယ်လောက်ထိအောင် ခိုင်လဲဆိုတာ ပြန်တွက်မိရဲ့လား။ ဒါတွေလည်း စဉ်းစားဖို့လိုမယ်လို့ ကျနော်ထင်ပါတယ်။
လူမှုရေးဝန်းကျင်အပြောင်းအလဲ
နောက်တခုက လူမှုရေးဝန်းကျင်အနေနဲ့ ပြောင်းသွားတာရှိတယ်။ လူမှုရေးဝန်းကျင်တွေနဲ့ စီးပွား ရေးဝန်းကျင်တွေနဲ့ ရောပြီးတော့ ပြောင်းသွားတာ။ ဥပမာ- အရင်တုန်းက လူမှုရေးဝန်းကျင်တွေက လဖက်ရည်ဆိုင်ထိုင်တယ်။ ပျော်ပွဲရွှင်ပွဲတွေရှိတယ်။ အခုကျတော့ ကျေးရွာမှာ ဘိလိယက်ခုံတွေက ရောက်နေပြီ။ ဥပမာ- ကာယာအိုကေတွေခေတ်စားလာတယ်။ အဲဒါမျိုးတွေက အများကြီး။ အဲဒီ တော့ အဲဒီ့အချိန်မှာသွားပြီးတော့ စီးပွားရေးလုပ်တဲ့သူငယ်ချင်းတွေက ကိုယ့်ထက်ကြီးပွားချင် ကြီးပွားနေတတ်တယ်။ ပြောချင်တာက စီးပွားရေးဝန်းကျင်ကြောင့်မို့လို့ ကိုယ့်ပတ်ဝန်းကျင်က ပြောင်းသွားတတ်တယ်။ အဲဒီတော့ ကိုယ်ပြန်လာတဲ့အခါမှာ ဆုံးရှုံးရတဲ့အရင်းအနှီးတွေ မျက်ခြေ ပြတ်သွားတတ်တယ်။
ကိုယ်မျက်ခြေပြတ်သွားတဲ့အချိန်မှာ ကိုယ်ပြန်လာတဲ့အချိန်မှာ အပြောင်းအလဲတွေကြားမှာ ကိုယ်က အူကြောင်ကြောင် ဖြစ်နေတတ်တယ်။ နောက်တခါ ထပ်ပြီးတော့ နိုင်ငံခြားရောက်သလို ပြန်ဖြစ် သွားတတ်တယ်။ ဖြစ်သွားတဲ့အခါကြတော့ ဘယ်နေရာကနေစပြီးတော့ ဘယ်ကိုဦးတည်ရာမှန်း မသိဖြစ်သွားတတ်တယ်။ အဲဒါကြောင့်မို့လို့ ကိုယ့်အရပ် ကိုယ့်ဒေသကို မျက်ခြေမပြတ်အောင် ဘာတွေဖြစ်နေသလဲဆိုတဲ့ဟာကို အမြဲတန်းမပြတ် သိနေအောင် နိုင်ငံခြားကနေပြီးတော့ ကြိုးစား သင့်တယ်လို့ ကျနော်ထင်ပါတယ်။ အဲဒါတချက်။
နောက်တချက်က ဘာရှိသေးလဲဆိုတော့ ကိုယ်က နိုင်ငံခြားမှာနေရင်းကနေ တယောက်ယောက်နဲ့ တွေ့ရော အဲဒါ အိမ်ထောင်ရက်သားကျချင်ကျတတ်တယ်။ ကျတဲ့အခါကြတော့ ဘယ်လိုလုပ်မလဲ။ ကိုယ့်အမျိုးသမီးက ဗမာအမျိုးသမီးပဲလား။ နေရပ်ကိုပြန်မှာလား။ ဒါမှမဟုတ်လို့ရှိရင် နိုင်ငံခြားမှာပဲ အခြေချတော့မလား။ နိုင်ငံခြားမှာပဲ အခြေချတော့မယ်ဆိုလို့ရှိရင် အဲဒီနိုင်ငံတွေက ဘယ်နိုင်ငံလဲ။ အဲဒီက ဘာသာရေး၊ ကိုးကွယ်ရေး ယဉ်ကျေးမှုတွေနဲ့ ကိုယ့်ရဲ့ အသက်ကြီးတဲ့ဘ၀မှာ ပျော်နိုင်မ လား။ ဒါတွေအကုန်လုံး စဉ်းစားရတော့မယ်။
အဲဒီတော့ ပြောချင်တာက နိုင်ငံခြားမှာ အခြေချတော့မယ်ဆိုချင်တောင်မှ ကိုယ့်ဒေသ ပတ်ဝန်း
ကျင်နဲ့လည်း တော်တော့်ကို ကွာနေပြီ။ ကိုယ့်သား၊ ကိုယ်သမီးရဲ့ ပတ်ဝန်းကျင်နဲ့လည်း ကွာသွားပြီ။ ကိုယ့်သားသမီးတွေ ထွန်းကားလာတဲ့အခါမှာ ဗမာအမျိုးသားတယောက်က မျှော်လင့်တဲ့ မိဘဘဝ
မျိုးကို မမျှော်လင့်နိုင်ဘူး။ နိုင်ငံခြားသားတယောက်ရဲ့ မိဘအဖြစ်နဲ့ ကိုယ်ရောက်သွားတော့မယ် ဆိုတာကို ကြိုပြီးတော့ စဉ်းစားထားဖို့ဆိုတာ လိုတယ်လို့ ကျနော်ထင်ပါတယ်ခင်ဗျာ။ ။
မအားတဲ.ကြားတည်းက ခေတ်ပြိုင်ဂျာနယ်မှ ဆရာအောက်သင်းရဲ. interview လေးကို ဖတ်ပြီး ကိုယ်တွေအဖြစ်နဲ.လည်း တော်တော်လေး တိုက်ဆိုင်နေတာမို. ကူးယူဖော်ပြလိုက်ပါတယ် ..... ။ တွေးစရာလေးတွေလည်း တော်တော်လေးရသွားပါတယ် ...။
8/15/08
ချွေတော့သဇင် ကြွေတော့နှင်းဆီ ဝေတော့စံပယ်
နေ့စွဲ။ ။ ၁၃၊၃၊၀၈
အချိန်။ ။ နေ့လယ် တစ်နာရီ
နေရာ။ ။ ရုံးချုပ်
မမကိုခေါ်ပေးဖို့အရေး တာဝန်မှူးကို မျက်နှာချိုသွေးလိုက်ရသည်။
“လိုင်းခွဲ ၄၄ က ခင်မမနဲ့ တွေ့ချင်လို့ပါဆရာ”
ဟု ဆိုကာ ခေါ်ခဲ အခေါ်နည်းသော ဆရာ ဟူသည့် စကားကို မမအတွက် နှမြောစွာ သုံးစွဲလိုက်ရသည်။ ဧည့်သည်သံကို ကြားရုံဖြင့် တာဝန်မှူးသည် မျက်မှောင်ကို ကြုတ်ကာ ဖုန်းကို ဆတ်ခနဲဆွဲကာ
“ခင်မမ ဧည့်သည်ရောက်တယ်”
ဟု တိုတိုနှင့် မာဆတ်ဆတ်ပြောကာ ဖုန်းကို ခွပ်ခနဲမြည်အောင် ချလိုက်သည်။ လိပ်ပြာပင် လန့်သွားသည်ထိ။ သူကတော့ သူ့ထုံးစံအတိုင်း သည်လိုတစ်ခါပဲ ခေါ်ပေးသည်။ ထပ်အတွန့်တက်၍မရ။ နောက်တစ်ခါ ထပ်ခေါ်ခိုင်းရင်ဖြင့်လား တာဝန်မှူး၏ မျက်စောင်းငယ်မျှနှင့်ပင် ငရဲကြီးကိုးထပ်မှာ ချိုးကပ်သွားနိုင်သည်။ လက်ထဲတွင်ကိုင်ထားသော ကွမ်းယာထုပ်ကို ဖြေသည်။ အိုး... တာဝန်မှူးကြီး နှုတ်ခမ်းလေးတွေလည်း နီနေပါလား။ သူလည်း ကွမ်းသမားပေပဲ။
“ဆရာ ကွမ်းသုံးဆောင် ပါဦးလား”
“ဘာကွမ်းလဲကွ”
“အာမွှေး ဆေးမွှေးပါ”
“အေး....စားကြည့်ရသေးတာပေါ့ကွာ”
ကွမ်းတစ်ယာဒါနပြုလိုက်သည်။ တို့လည်း ကွမ်းတစ်ယာကို ထုတ်စားသည်။ မမသာ ဧည့်ခန်းကို ဆင်းမလာရင်ဖြင့် နောက်ထပ် ရေတစ်မှုတ်သောက်ကာ ပြန်ပေတော့။
“ကောင်းတယ်ကွ ဘယ်ကကွမ်းလဲ”
“ဆယ့်ခြောက်ကွေ့ကပါ”
“အေးကွာ အစပ်အဟပ် တော်တော်ကောင်းတဲ့ ကွမ်းယာ”
ကွမ်းတစ်ယာ ညက်သည်။ မမကတော့ ခုထိပေါ်မလာ။
ခုမှပင် ကွမ်းတန်ခိုးက ပြသည်။
“နို့ နေပါဦး၊ မင်းဧည့်သည်က ဘယ်သူ”
“၄၄ က ခင်မမပါ”
တာဝန်မှူးသည် ခုန ပုဏ္ဏက။ ခုတော့ ၀ိဓူရ။
“ဟေး....ခင်မမ ဧည့်သည်ရောက်နေတယ်ဆို”
“ဘာလဲ မလာဘူးလား”
တို့ရင်မှာ ထိသွားသည်။
“အေး..အေး လာရင်လည်း မြန်မြန်လွှတ်လိုက်”
ဖုန်းချသံ ညင်သာသည်။ ညင်သာစွာရွေ့လျားလာသည့် ခြေလှမ်းတစ်စုံကို ထပ်မံ၍ တွေ့ရ သည်။ လူမရောက်ခင် ချိုမြမြ အပြုံးတချို့ကို အရင်ပို့သည်။ တို့ဘေးကခုံမှာ မမ ၀င်ထိုင်သည်။
“မောင်စိုးဦး ရောက်နေတာ ကြာပြီလား”
“ခုနလေးမှပါ”
တို့ ခုနလေးမှပါဆိုသော ဝေါဟာရသည် ကွမ်းတစ်ယာညက်နှင့် ဒူးယားတစ်လိပ် ဖင်စီခံ ကပ်သည်အထိ ကြာပါသည်။
“ဒီကို သက်သက်ပဲလား”
“ဘဏ် ၂ ကို လာရင်းနဲ့ပါ”
တကယ်တော့လည်း ဘဏ် ၂ ကို သွားစရာကိစ္စလုံးဝ မရှိပါ။
“ဒီလ ရှုမ၀”
“ဟုတ်သားပဲ၊ မနေ့ကတောင် ငှားဖတ်ဦးမလို့၊ မောင်စောဦး ၀ယ်လာတာလား”
“ဟုတ်ပါတယ်”
“ကဗျာ ပါလို့လား”
“မပါပါဘူး”
“ကျေးဇူးပဲနော်”
“ကြည့်စမ်း... မေ့နေလိုက်တာ လက်ဖက်ရည် သောက်ဦးမလား”
မမမို့လို့ မေးရက်သည်။ လက်ဖက်ရည်သောက်ချင်တာထက် မမနဲ့ ကြာကြာနေချင်လို့ပါဟု အရဲစွန့်၍ ပြောလိုက်ချင်သည်။ ဒါပေမယ့် လောက၀တ်စကားတချို့ကိုသာ ပြောလိုက်မိသည်။
“မမအားရဲ့လား”
“အားပါတယ်”
“ဒါဖြင့် သွားလေ”
နိုင်ကြီးမှာ ထိုင်သည်။ မမနှင့်သွားသောက်လျှင် ဒီဆိုင် မှာ ထိုင်စမြဲ။ တို့အတွက် ချိုပေါ့ကျတစ်ခွက်ကို အရင်ချပေး သည်။ ပြီးမှ မမဖို့ ရိုးရိုးကြီး ဇေယျတစ်ခွက်။
ကဗျာဆန်ဆန် အသုံးအနှုန်းလေးတွေဖြင့် တန်ဆာဆင် ကာ ရည်းစားစကားလိုလို၊ ထမင်းစားရေသောက် စကား ယောင်ယောင်ပြောဖို့ စီစဉ်ထားသမျှ ဘယ်ကို လွင့်သွားသည် မသိ။ ဒူးယားကိုသာ တစ်လိပ်ပြီးတစ်လိပ် ဖွာနေမိသည်။
“ဆေးလိပ်ကလည်း သောက်လိုက်တာ”
“ပျင်းလို့ပါ”
“မဆိုင်တာပဲ”
ရေခဲလက်ဖက်ရည်ကို စိတ်မပါ့တပါနှင့် သောက်သည်။ မမကိုပဲလား၊ ကိုယ့်ကိုယ်ကိုပဲလားမသိ ရင်ထဲကမကျေနပ်။
လက်ဖက်ရည်ဖိုး လုပေးသည်။ တို့ပင် အနိုင်ရသည်။
မမအတွက်သာဆိုလျှင် တို့ကပင် ထာဝရ ဖြည့်ဆည်း ပေးနေချင်ပါသည်။
နေ့စွဲ။ ။ ၁၁၊၅၊၈၀
အချိန်။ ။ နေ့လယ် ဆယ့်နှစ်နာရီ
နေရာ။ ။ မေတ္တာလမ်းထိပ်
မေတ္တာရှင် ကွမ်းယာဆိုင်
ရုံးပိတ်သည့် တစ်ရက်ကလေးကိုပင် ရင်ထဲမှာ နေရ ထိုင်ရခက်လွန်းသဖြင့် မမတို့အိမ်ရှိရာကို ဦးတည်ပြီးလာခဲ့ သည်။ လမ်းထိပ်ကို ရောက်မှပင် မသွားဝံ့ပြန်သဖြင့် ရပ်၍နေရသေးသည်။ ပင်လယ်ကြီးတစ်ခုလုံးကို ဖြတ်ကူးခဲ့ပြီး ကမ်းစပ်နားကို ရောက်ခါနီးမှပင် လက်ပန်းကျသလို ဖြစ်သွားသည်။
လမ်းထိပ်မှာရပ်ရင်း မမအပြင်ကိုထွက်ရင်လည်း တွေ့လို တွေ့ငြား၊ အပြင်က ပြန်လာရင်လည်း တွေ့လိုတွေ့ငြား သဘော ဖြင့် မြင်သာသည့် ကွမ်းယာဆိုင်လေးထဲကို ၀င်လိုက်သည်။ ကွမ်းယာထဲကအချိုထက် ချိုသော ကွမ်းယာသည်လေး၏ အပြုံးကို စ၍တွေ့သည်။
“ကွမ်းနှစ်ယာပေးပါ”
“အချိုလား အစ်ကို”
“မဟုတ်ဘူး၊ စမုံစပါး၊ အာမွှေး၊ ဆေးမွှေး”
ကွမ်းကို ကျင်လည်စွာ ယာသည်။ ကွမ်းယာသည့်လက် ကလွဲ၍ တစ်ကိုယ်လုံး ဖြူစင်နေသည်။ သူ့လက်ကလေးမှာ တော့ ရှားစေးနှင့် ထုံးစပ်ကာ ပန်းချီရေးထားသည်။ ကွမ်းယာ ဆိုင်ကိုသာဝင်သည်။ တို့မျက်လုံးတွေက အပြင်မှာချည်း။
“အစ်ကို ဇာပွင့်လေး နည်းနည်းထည့်လိုက်မယ်နော်”
“ရပါတယ်”
ကွမ်းကို ၀ါးကြည့်သည်။ မဆိုး။
“ဘာလိုသေးလဲ အစ်ကို”
လက်ကို ကာပြသည်။ ကွမ်းစားရင်း စကားပြောရသည် မှာ အားနာဖို့ကောင်းသည်။ ကွမ်းတံတွေးတွေ ပေနေသော သွားသည် ညစ်ညမ်းညမ်းနှင့် အကျည်းတန်သည်။
“အစ်ကိုက ဒီပတ်ဝန်းကျင်က ဟုတ်မယ် မထင်ပါဘူး”
“ဟုတ်ပါတယ်။ ဒီလမ်းထဲကို အလည်လာတာပါ”
“သြော်....”
သြော်ထက် မပိုတော့ပါ။ တို့ကလည်း ကွမ်းတစ်ယာ ညက်အပြီး နောက်ထပ်တစ်ယာကို ၀ါးကာ မမတို့အိမ်သို့ ချီတက်ပါသည်။ ကွမ်းဖီလင်ကြောင့် မျက်စိထဲမှာ နည်းနည်း ၀ါးနေသည်။ လက်ထဲက နာရီကို ကြည့်လိုက်သည်။
အချိန်... နေ့လယ် ဆယ့်နှစ်နာရီခွဲ။
ခင်ရိပ်သာ ရှေ့ကိုရောက်သည်။ တစ်အိမ်လုံး အမျိုးသမီး တွေချည်းမို့ အမျိုးသမီးအားလုံးမှာလည်း ခင်တွေချည်းမို့ ခင်ရိပ်သာဟု အမည်ပေးထားမှန်း မမက ကြိုတင်ပြောထားသည်။
မမတို့အမေက ဒေါ်ခင်နီ၊ မမတို့အစ်မက ဒေါ်ခင်မူ အေး၊ မမညီမလေးနာမည်က ခင်မြင့်ဝေ၊ မမတို့အိမ်က အိမ်ကူ နာမည်က မခင်မြင့်။
လူခေါ် ဘဲလ်ကိုနှိပ်သည်။ ထူးဆန်းသည့် စန္ဒရားသံ လေးတွေကို ကြားသည်။ စန္ဒရားသံထက် ချိုသော စကားသံ လေးတွေကို ကြားသည်။
“ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲ”
“မမ၊ အဲ... ခင်မမနဲ့ပါ”
“မမ ဒီနေ့ မေမေနဲ့ သုံးခွလိုက်သွားပါတယ်။ ဘယ်သူ လာတယ်လို့ပြောလိုက်ရမလဲ”
“စောဦးလာတယ်လို့...”
“ဟာ... အစ်ကိုက ကိုစောဦးလား၊ ၀င်ဦးလေ၊ ဝေေ၀ က လူစိမ်းမှတ်လို့”
သည်ကတည်းက ခင်မြင့်ဝေမှန်းတို့ ရိပ်မိသည်။ မ၀င်လိုက်က မိုက်သည်ထင်မှာစိုး၍ ၀င်လိုက်သည်။
“ခဏနော် အစ်ကို၊ အဲဒီမမကလည်း အစ်ကိုလာမှာကို မသိဘူး ထင်ပါရဲ့”
“ဟုတ်တယ် ကျွန်တော်လည်း ပြောမထားမိဘူး”
ခင်မြင့်ဝေ ခန်းဆီးလေးကိုဖယ်၍ ၀င်သွားသည်။ အချိန် အနည်းငယ်အတွင်းမှာပင် အအေးခွက်လေးတွေနှင့် အတူတူ မမလိုပင် မျက်မှန်တပ်ထားသော ယဉ်ယဉ်ခန့်ခန့် အမျိုးသမီး တစ်ဦး ထပ်ရောက်လာသည်။
“ဒါ ဝေေ၀တို့ အစ်မအကြီးဆုံးလေ၊ ဒေါ်ခင်မူအေးတဲ့၊ စာရင်းရုံးမှာ လုပ်တယ်”
“မမကြီး ဒါ မမပြောပြောနေတဲ့ ကိုစောဦးလေ၊ ကဗျာတွေ၊ ၀တ္ထုတွေ ရေးတယ်”
“သြော်...သြော်”
သြော်ထက်မပိုပါ။ ဒေါ်ခင်မူအေးသည် ထိုင်ရာမှ ထကာ ကွန်ပျူတာ ဂဏန်းပေါင်းစက်လေးကို တဒက်ဒက်ဖြင့်နှိပ်နေပါ
တော့သည်။ တို့သာ သာလိကာလေး ခင်မြင့်ဝေ၏ဘုန်းတော် ဘွဲ့များကြားတွင် ဘုတ်လိုလို ကျီးလိုလို ဖြစ်၍နေသည်။
“ဒါနဲ့ မမက ဘယ်တော့ ပြန်လာမလဲ”
“နည်းနည်းတော့ မိုးချုပ်မယ် ထင်ပါရဲ့”
ခုနက ကွမ်းစားပြီးသားမို့ ရေတစ်ခွက်ပဲ တောင်း၍ သောက်လိုက်ပါသည်။ ခင်မြင့်ဝေ ဆန်ပြုတ်မတိုက်ပေမယ့် တို့ ဆုတ်၍ ပြန်ခဲ့ပါသည်။
နေ့စွဲ။ ။ ၁၇၊၆၊၈၀
အချိန်။ ။ မနက် ၈း၃၀
နေရာ။ ။ မေတ္တာရှင်ကွမ်းယာဆိုင်
“ဟော... အစ်ကိုစောဦး”
မေတ္တရှင်မကလေးက တို့ကိုမှတ်မိရုံပင်မက နာမည် ကိုပါ သိနေသည်။
“အစ်ကိုဘယ်လဲ၊ ခင်ရိပ်သာကို လာတာလား”
သည်ကလေးမ ရင်ထဲမှာ ပုဏ္ဏားကလေးရှိနေပုံရသည်။ တို့လည်း အရှက်ပြေ ၀န်ခံအပြုံးလေးတစ်ခုတုံ့ပြန်လိုက်မိသည်။
“အစ်ကို ကွမ်းစားဦးမလား”
“နှစ်ယာလောက်ကွာ”
ဘာတွေထည့်ယာဟု ပြောစရာပင်မလိုတော့။
“အစ်ကိုရေးတဲ့ ၀တ္ထုလေးတွေကို မိငယ်ဖတ်ဖူးပါတယ်။ အစ်ကို ကွမ်းစားတာကျတော့ ထည့်ရေးတယ်၊ အစ်ကို တို့တွေ ညနေဘက် အရက်သောက်တာတော့ ထည့်မရေးဘူးလား”
“ဟဲ့ ဒါဘယ်ရေးလို့ဖြစ်မလဲ”
“မိငယ်တို့ အသိတစ်ယောက်က ပြောတယ်၊ အစ်ကိုတို့ တွေကို ညနေဘက်မှာတွေ့ချင်ရင် ပဲခူးကလပ်ကို သွားတဲ့။ အရက်ကတော့ လူကို မနိုင်ပါစေနဲ့ အစ်ကိုရယ်... အစ်ကိုတို့လို အနုပညာသမားတွေကို ဒီအရက်ကပဲ ဖျက်ဆီးနေတာ”
စောစောစီးစီး တရားပြတာခံနေရသည်။ ကွမ်းယာဆိုင်နဲ့ ဓမ္မာရုံမှားပြီး ၀င်လာမိပြီထင်သည်။ လူချင်းပင် မသိသေး၊ သည်ကလေးမသည် ငါးကို ရေကူးသင်ပြနေပြန်သည်။ စိတ်ထဲက မကျေမနပ်နဲ့ နှုတ်မဆက်ဘဲ ဆိုင်ထဲက ထွက်လာခဲ့ သည်။ သူအံ့အားသင့်နေမည်ထင်သည်။ လှည့်မကြည့်။ ဟင်း...ဒင်းကတော့လား စာအုပ်ထဲမှာ ဘယ်နေရာက ထည့်ရေးလိုက်မယ်ဟု တွေးပြီး လျှောက်လာခဲ့ရာ ခင်ရိပ်သာကို ရောက်ခါနီးမှပင် သတိရသည်။
ကွမ်းဖိုးမပေးခဲ့ရသေးပါလား။ လက်ထဲက နာရီကို ကြည့်ုသည်။
အချိန်... မနက် ကိုးနာရီတိတိ
ခင်ရိပ်သာထဲမှ ကက်ဆက်သံထဲမှာ စိုင်းထီးဆိုင်၏ ငေါင်သံလေးတွေကို ကြားသည်။ တို့လည်း အိမ်ပြင်မှာ ငေါင် ၍နေသည်။ ခင်မြင့်ဝေ ကယ်ပေလို့။
“ဟော...အစ်ကိုဦး”
အခေါ်အဝေါ်ပင် ပြောင်းသွားသည်။ ဘာပဲဖြစ်ဖြစ် မမ ကို မတွေ့ခင်မှာ လူရင်းတစ်ယောက်ယောက်ကိုတော့ တွေ့ ထားသင့်သည်။
“လာ အစ်ကိုဦး... မမ ဘုန်ကြီးကျောင်းကို ခဏသွား တယ်”
မမနှင့်တို့သည် ရေစက်မဆုံ။ အုန်းနို့ခေါက်ဆွဲတစ်ပွဲ လာချပေးသည်။ ခေါက်ဆွဲဖတ်ထက် အသားတွေက ပို၍များသည်။ အုန်းနို့ကြက်သားဖြစ်၍နေသည်။ ပြီးတော့ ခင်မြင့်ဝေ သည် သူ့အော်တိုစာအုပ်မှာ တို့ကို ကဗျာရေးခိုင်းသည်။
ရုပ်ရှင်မင်းသားတွေ၊ အဆိုတော်တွေ၊ စာရေးဆရာတွေ တော်တော်များများ၏ လက်ရေးတွေကို မြင်ရသည်။ ဆုံးမစာ ဆန်သည့် ကဗျာတစ်ပုဒ်ကို တို့ ရေးပေးလိုက်သည်။
“အို... ဘုန်းကြီးကျနေတာပဲ”
ဘုန်ကြီးကျောင်းကနေ မမ ပြန်လာသည်။
“ဝေေ၀... သူ့ကို ဒီလောက်ဧည့်ခံမနေနဲ့။ သူက ဧည့်သည် မဟုတ်ဘူး”
ကြည့်ပါဦး။ မမ စကားတွေက ဘယ်လောက် ချစ် စရာကောင်းပါသလဲ၊ ဟုတ်သည်။ တို့သည် ဧည့်သည် မဟုတ်။ အိမ်ရှင်ဖြစ်အောင် ကြိုးစားရပေဦးမည်။ ကြိုးစား မည်ဆိုကာမှ မမသည် တို့နားကိုပင်မသီ။ တို့ နေရထိုင်ရ ရှက်လာသည်။ ရုတ်တရက် နှုက်ဆက်၍ ပြန်သည်။ ခင်မြင့် ဝေက စကားဖြင့်တားသည်။ မမကတော့လား မတားသည့် အပြင် သွားဟူ၍ မပြောရုံတမယ် ရယ်၍နေသည်။
နေ့စွဲ။ ။ ၃၀၊၆၊၈၀
အချိန်။ ။ ၁၁နာရီ
နေရာ။ ။ ပန်းဆိုးတန်းလမ်းပေါ်မှာ
လာမည်ဟု ဖုန်းကြိုဆက်သည်။ လာလေဟု ပြောသည်။ ထမင်းစားချိန်မှာ သွားသည်။ တစ်ခုခုစားမည် စိတ် ကူးထားသည်။ မမ ဆင်း၍ စောင့်နေသည်။
“မမ စောင့်နေတာ ကြာပြီလား”
“ကြာပြီပေါ့”
မမ ကြာပြီဆိုသော ဝေါဟာရသည် ငါးမိနစ်ပင်မပြည့်ပါ။
“တစ်ခုခုစားရအောင်လေ”
“ထမင်းစားပြီးပြီ”
“ဒါဖြင့် အအေးသောက်ပါလား”
“သွားလေ”
သွားတုန်းမှာပင် မိုးသက်လေက အရင်စလာသည်။ ပြီး တော့ မိုးရေစက်များပါ လိုက်လာသည်။ မမသည်သူ့ထီးကလေးကို ကပျာကသီ ဖွင့်၍ ဆောင်းသည်။ အတူတူဆောင်း ဖို့ စကားဦးလေးမျှပင် မသမ်း။ ဘဏ် ၂ ၏ ဆင်ဝင်အောက် ရောက်မှပင် တို့ မိုးခိုလိုက်ရပါသည်။
မမနှင့်အတူ အအေးသောက်ရင်း ရင်ထဲမှာ ပူနေပါသည်။ ပြောမည့်စကားလေးတွေကို စçတိုင်းလည်း ရွှေကြောင်ပါးမြီး ဖျားလိုက်သလိုပင် ၀ိုက်၍၀ိုက်၍ သည်နေရာကိုပင် ပြန် ရောက်ရောက်နေတတ်သည်။ နောက်ဆုံးတော့လည်း ထုံးစံ အတိုင်းပင် အအေးဖိုးကို တို့ကဦးအောင်ပေးကာ ထွက်တော်မူ ဆိုင်ကခွာဖြစ်သည်။
မမနှင့်ခွဲတော့လည်း ဘတ်စ်ကားဂိတ်ကို မရောက်ခင်မှာပင် မိုးက အငြိုးဖွဲ့၍ မကျေပွဲကလေး နွှဲလာပြန်သေးသည်။
ထီးမပါ မိုးအခါမှ သိပေမင့် တို့ကတော့ ထီးကို ဆောင်းလေ့မရှိ။ မိုးကိုသာ ရှောင်လေ့ရှိသည်။ မိုးလွတ်ရာ ကုန်သွယ် ရေး ၁ ရုံးအောက်ကိုကူးဖို့ ကုန်သည်လမ်းကိုအဖြတ်...
“ဟော... အစ်ကို မိုးမိပြီလား၊ လာလေ”
မိငယ်သည် ဘယ်ကလာလို့ ဘယ်ကိုသွားမည်မသိ။
“ဘယ်ကိုသွားမလို့လဲ”
“နံပါတ် ၂ ကားဂိတ်ကို”
“ဒီလိုဆို မိငယ်နဲ့ လမ်းကြုံသားပဲ လိုက်ခဲ့ပေါ့”
မလိုက်ပြန်ရင်လည်း အားနာစရာကျမည်ဆို၍ သူ့ထီး ကလေးကို ခိုခဲ့သည်။ မိငယ်အဖို့တော့ တို့နှင့် ထီးအတူ ဆောင်းရ၍ ဘာမျှ ထူးခြားပုံမရ။ တို့ရင်ထဲမှာသာ တို့ဘေးက မိငယ်သည် တစ်ခါတစ်ခါ မမဖြစ်၍နေလေသည်။
မိငယ် တို့ကို ကားဂိတ်ပို့ပြီး ပြန်ကတည်းက တို့ကို သက်သက် လိုက်ပို့ခြင်းသာဖြစ်သည်ဟု သိလိုက်သည်။ လက်ခုပ်သံ တစ်ချက် နှင်းတောင် အအေးခန်းထဲက ထွက်လာ သည်။ ခင်မြင့်ဝေ။
“လာ... အစ်ကို ကြုံတုန်း အအေးသောက်ရအောင်”
မသောက်ပြန်ရင်လည်း အားနာစရာပေမို့ ၀င်၍သောက် ပါသည်။ ခင်မြင့်ဝေသည် တို့အတွက်သာ မဟုတ်။ သူ့တို့ တစ်ဝိုင်းလုံးကို ဒိုင်ခံ၍ ရှင်းသည်။
“စားသာစား အားမနာနဲ့ မိဘပစ္စည်းကို ဖြုန်းမယ့်သူဆို လို့ ဝေေ၀တို့မိသားစုထဲမှာ ဝေေ၀တစ်ယောက်တည်းပါလာတာ”
ခင်မြင့်ဝေသည် ပီဘိကလေးငယ်တစ်ယောက်လိုပင် လွတ်လပ်စွာ ရယ်မော၍ သူ့အဖွဲ့တွေနှင့် တို့ကို မိတ်ဆက်ပေး နေသေးသည်။
“ဒါ တို့အစ်ကို စာရေးဆရာ စောဦးတဲ့ တို့နဲ့ တစ်ဝမ်းတည်းကွဲတယ်။ တစ်ဝမ်းစီ မွေးလာတာကိုး”
ခင်မြင့်ဝေသည် သူနှင့် တို့၏ရင်းနှီးမှုကို ပြသည်။
“အစ်ကို ဝေေ၀ကို လိုက်ပို့ဦးနော်”
သံယောဇဉ် ကြိုးကလေးကို တစ်ပတ်ထပ် ချည်လိုက် ပြန်သည်။
ခင်မြင့်ဝေကို လိုက်ပို့ပြီး မိငယ်ဆိုင်မှာ ကွမ်းဝင်၍စားမိ ပြန်သည်။ သည်ကလေးမသည် ပညာရှင် သိပ်ပီသပါသည်။ စကားကိုပင် ပညာပါစွာပြောသည်။
“ကွမ်းစားပြီးရင် ရေသောက်စရာမလိုတော့ဘူး မဟုတ်လား အစ်ကို”
လူကြီးရှက်တော့ မဲ့ပါသည်။
နေ့စွဲ။ ။ ၃၁၊ ၇၊၈၀
အချိန်။ ။ ည ၈ နာရီ
နေရာ။ ။ ပဲခူးကလပ်
တို့က စကားနည်းသည့်နေရာမှာတော့ လက်ပံပင် ဆက်ရက်ကျတတ်သည့် ဈာန်ရိပ်သာလို နေရာမျိုးမှာတောင် စကားနည်းသည်။ ခုလည်း မနက်က မမကို ရိပ်ဖမ်းသံဖမ်းပြ၍ လျှောက်ပြန်သံပေး ချစ်ရေးခွန်းစ ဆိုသည်။ မမသည် မတုန် မလှုပ်၊ ကျောက်ရုပ်ကပင် ဆရာတင်ရမည်။ သည်တော့လည်း တို့ရှက်သည်။
ရှက်သည့်အထဲမှာ တို့အစ်ကို ကိုရွှေသိန်းသည် စေတနာ ဗရပွနှင့် အဖော်လာ၍ဆွယ်သဖြင့် ပဲခူးကလပ်ကို ပါခဲ့သည်။ ဈာန်သာတစ်ဝက်ကျိုးသည်။ စကားမစသေး။ အရှိန်လေး ရစပြုမှပင် အစ်ကို့စကားသံလေးလေးကြီးကို ကြားသည်။
“နေပါဦးကွ... မင်းနဲ့ခင်မမ အခြေအနေက ဘယ်လိုလဲ”
“ထူးမခြားနားပါ အစ်ကိုရာ”
“ဒီလိုပဲကွ... မိန်းမတွေဟာ အသက်သုံးဆယ်ကျော်ရင် ကြောင်သွားရောကွ။ ခုဆို မင်းမမက သုံးဆယ့်လေးနှစ် ဘွဲ့ရ ပြီးသား။ ရာထူးက စာရေးကြီး၊ လခက လေးရာလောက်ဆို တော့ သိပ် စဉ်းစားတတ်နေပြီ။ သူတို့တွေက သိပ်ကြောက် တတ်သွားပြီကွ”
အစ်ကိုပြောတာကို လွန်ဆန်၍ မရ။ မမလို မိုးပြိုမှာကို ကြောက်သော တစ်တီတူးလို သတ္တ၀ါတစ်ဦးကိုမှ ချစ်လာမိသည့် တို့ကိုယ်တို့ သနားသလိုလိုနှင့် ဒေါပွလာမိသည်။
“ညီမလေးကျတော့ရော”
“မောသွားမှာပေါ့ အစ်ကိုရ”
ခင်မြင့်ဝေကိုကျတော့ တို့သည် မမလိုပင် ချင့်ချိန်သွားမိ သည်။ သူ့ဆီကနေ အချစ်ကလွဲလို့ ဘာမှ ရစရာမရှိ။ ခုတော့ လည်း မမကို ကိုယ်ချင်းစာသည်။ ရင်ထဲက အပူများကို ဈာန်အပူက မတိုးတော့။
နေ့စွဲ။ ။ ၇၊၁၂၊၈၀
အချိန်။ ။ မနက် ၁၀ နာရီ
နေရာ။ ။ ကျောက်တံတားမြို့နယ် တရားရုံး
ရတာမလို လိုတာမရသော လောကထဲတွင် ရသည့်အထဲ မှ တို့အလိုချင်ဆုံးသော ဆန္ဒလေးတွေကို ဖြည့်ဆည်းပေးနိုင် မည့် မိငယ်နှင့် လက်ထပ်လိုက်ပါသည်။
မိငယ်သည် တို့အပေါ်မှာ မိခင်လိုရော၊ ဘ၀ဖော်လို ရောပါ ဖေးဖေးမမ ကြင်ကြင်နာနာနှင့် ချစ်ပါလိမ့်မည်။
X X X
ကျော်စောသူ
၁၉၈၁ ခုနှစ်၊ ဇူလိုင်လ၊ အမှတ်၊၂၊ ပေဖူးလွှာမဂ္ဂဇင်း။
ရွှေအမြူတေ မှကူးယူဖော်ပြပါတယ် ရှင် ...။
ဒီဝတ္ထုလေးမှာ စာရေးဆရာ ရဲ. ခေါင်စဉ်ပေး ပုံလေးကိုကြိုက်နှစ်သက်လို . တင်လိုက်ပါတယ်
8/11/08
"အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ"
"အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ"
ထိုစာကြောင်းကို ဖတ်ပြီး ကျွန်မစိတ်ဝင်စားသွားမိသည်။ ကျွန်မလည်း ဘာလုပ်ရမှန်းမသိ ပျင်းနေသည့် အချိန်မို့ စာတစ်ကြောင်းရိုက်ပြီး ပို့လိုက်မိသည်။ ကျွန်မပို့သော စာကိုဖတ်ပြီး သူပေါက်ကရထပ်ပြောတော့မည် မဟုတ်ဟု ကျွန်မတွေးမိသည်။
"ကိုယ့်ကိုယ်ဒီလောက်မုန်းနေရင် သွားသေလိုက်ပါလား"
သို့သော် တစ်မိနစ်မျှပင် မကြာလိုက်....
"ဟုတ်တယ်.. ကျွန်တော်က အခုသရဲလေ"
"ဟား....သရဲဖြစ်ရတာပျော်လား"
"ကျွန်တော် မပျော်ပါဘူး။ ကိုယ့်ကိုအဆုံးစီရင်မိတဲ့အတွက် ကျွန်တော်မကျွတ်ဘူး"
"ဟား...ဟား.. အချစ်အတွက်ကြောင့်လား"
ဒီလိုနှင့် စာတွေ အပြန်အလှန်ပို့ကြရင်း သူနှင့် ကျွန်မ online သူငယ်ချင်း ဖြစ်သွားကြသည်။ သူသည် သူ့ကိုယ်သူ တစ္ဆေတစ်ကောင်အဖြင့် သတ်မှတ်ထားသော ယောကျာ်းလေးတစ်ယောက် ဖြစ်သည်။ သူသည် ညတိုင်း သန်းခေါင်ယံအချိန်တွင် တိကျစွာonline ပေါ်သို့ ရောက်လာတတ်သည်။ ထိုအပြုအမှုများကြောင့် သူ့ကို အံ့သြထိန့်လန့်စွာ ကျွန်မပိုစိတ်ဝင်စားမိသည်။ တစ္ဆေသရဲ အင်တာနက် သုံးပါ့မလား... ဒါဟာ တိုက်ဆိုင်တဲ့ နောင်ပြောင်မှု တစ်ခုပဲဖြစ်မည်ဟု ကျွန်မ ဖြေသိမ့်မိသည်။ သူသည် အရင်ကတည်းက ကျွန်မ၏ရုပ်ရည်ကို မြင်ဖူးထားသည့်အလား ဘယ်တော့မှ ကျွန်မ၏ ပုံပန်းသဏ္ဍာန်ကို မမေးဖူးခဲ့။ တစ်ခါတရံ သူသည် ကျွန်မဘေးတွင်ရှိနေခဲ့ပြီး ကျွန်မကို ထိုင်ကြည့်နေသည်ဟု ခြောက်တတ်သေးသည်။
"ကျွန်မ အခုဘာလုပ်နေလဲ"
တစ်ခါတရံ နောက်ပြောင်ပြီး သူ့ကို ကျွန်မမေးဖူးသည်။ ခဏမျှ သူနှုတ်ဆိတ် နေတတ်ပြီး...
"တော်ပါပြီ... ကျွန်တော်မပြောချင်ဘူး.. ပြောလိုက်ရင် လန့်သွားဦးမယ်"
"ကော်ဖီတွေ သိပ်မသောက်နဲ့လေ"
"ပုံဆိုးပန်းဆိုး ထိုင်မနေနဲ့လေ"
တစ်ခါတရံ ကျွန်မ မျှော်လင့်မထားသော စကားများကို သူပြောတတ်သည်။ ထိုစာရသော အချိန်တွင် တိုက်ဆိုင်စွာ ကျွန်မမှာ ကော်ဖီသောက်နေသည့်အချိန် (သို့) ထိုင်ခုံပေါ်တွင် ခြေအစုံကို စုတင်ပြီး ငုတ်တုတ်ထိုင်ကာ ကျွန်ပျူတာကို စိုက်ကြည့်နေသည့် အချိန်ဖြစ်သည်။
ကျွန်မနှင့် chatting လုပ်နေသော အချိန်များတွင် သူ့ဘ၀နောက်ကြောင်းကို ပြောပြတတ်သည်။ သူသည် အသက်(၂၃)နှစ်ဖြစ်ပြီး chat room ထဲမှ မေ"ဟုခေါ်သော မိန်းကလေးတစ်ယောက်ကို အစွဲအလမ်းကြီးစွာ ချစ်မိခဲ့ကြောင်း၊ မေ"ကြောင့် သူ့ကိုယ်သူ အဆုံးစီရင်မိကြောင်း၊ အင်တာနက်ကို ပထမဦးဆုံး ထိတွေ့မိသည့် သူ့အဖို့ chatting ဟုခေါ်သော အင်တာနက် စကားဝိုင်း၏ လှည့်စားမှုကို နားမလည်ခဲ့ကြောင်း၊ မေ"၏ဖော်ရွေသော အပြောအဆိုများပေါ်တွင် သူသာယာမိကြောင်း ကျွန်မကို ပြောပြတတ်သည်။ အင်တာနက်တွက် ဆရာတစ်ဆူလို ဖြစ်နေသော မေ"မှာ သူ မသိနားမလည်သည်များကို သင်ပြတတ်သည်။ မေ"၏ နွေးထွေးသော အပြောများကြောင့် chatroomထဲ သူအမြဲဝင်ဖြစ်ခဲ့သည်။ chatroom ထဲဝင်တိုင်း မေ"မှလွဲ၍ မည်သူနှင့်မျှ သူစကားမပြောပေ။
"ကျွန်တော် မေ့ကို ချစ်တယ်.... ကျွန်တော်ရဲ့ အင်တာနက်ချစ်သူ လုပ်နိုင်မလား"
"အင်တာနက် ချစ်သူအတွက် ဘာကောင်းကျိုးရှိလဲ"
"ကျွန်တော့်မှာ မေကိုပေးဖို့အတွက် အချစ်တွေ အပြည့်ရှိပါတယ်"
"အချစ်... အဟား... မေမှာ ပေါလွန်းလို့ကွယ်"
"ဒါဆို မေလိုချင်တာ ကျွန်တော်အကုန်ပေးမယ်"
"အသက် ယူမယ်ဆိုရင် ပေးနိုင်မလား"
"ကောင်းပြီလေ"
မေ"၏အချစ်ကို ရဖို့အတွက် အရာရာကို သူစွန့်လွတ်ရဲခဲ့သည်။ မေ"၏ စကားလုံး ချိုချိုလေးများကြား သူမိန်းမော သာယာနေခဲ့မိသည်။ ကြာတော့ အင်တာနက်ထဲတွင် ပြောရသည်ကို သူ အားမရတော့။ မေ"ကို အပြင်လောကတွင် သူတွေ့ချင်လာသည်။ လူကိုယ်တိုင်တွေ့ပြီး မေ"ကို ပွေ့ဖက်နမ်းရှုပ်ချင်မိသည်။ မေ" ကိုအပြင်တွင် တွေ့ရန်၊ ဖုန်းဆက်ခွင့် ပေးရန် သူတောင်းဆိုမိသည်။ မေ"က တောင်းဆိုမှုတွေ များလွန်းနေပြီဖြစ်ကြောင်း၊ တွေ့ခွင့်မပေးနိုင်ကြောင်း အပြင်းအထန် ငြင်းဆန်ခဲ့သည်။ နောက်ပိုင်းတွင် သူ့အပေါ် မေ"၏ဆက်ဆံမှုများက အေးစက်လာခဲ့သည်။ မေ"ပို့လာသော စာကြောင်းများကို ဖတ်ခြင်းဖြင့် သူ့အပေါ်တွင် မေ"စိတ်ကုန်လာပြီဖြစ်ကြောင်း သိသာနေသည်။
ညတိုင်း သန်းခေါင်ယံအချိန်တွင် သူသည် အချိန်တိကျစွာ onlineပေါ်သို့ ရောက်လာပြီး သူနှင့်မေ"၏ ပုံပြင်ကို ကျွန်မအား ပြောပြတတ်သည်။ တစ်ခါတရံ သူ၏လုပ်ရပ်များကို ကျွန်မ မထောက်ခံမိသော်လည်း ညတိုင်း online တက်ပြီး သူပြောသော ပုံပြင်ကို နားထောင်သည့်အလုပ်မှာ ကျွန်မအတွက် မလုပ်မဖြစ် အလုပ်တစ်ခု ဖြစ်လာခဲ့သည်။
"ဘာဖြစ်လို့ မီးမဖွင့်တာလဲ... အလင်းပြန်နေတာ မျက်စိပျက်မယ်နော်"
"ဘာပြောချင်တာလဲ.. ကျွန်မကို ထိုင်ကြည့်နေပြန်ပြီလို့ ခြောက်လှန့်ချင်တာလား"
"ကျွန်တော် တကယ်ထိုင်ကြည့်နေတယ်လေ... ဘာလဲ မယုံသေးဘူးလား"
ကျွန်မ ဘာပြန်ပြောရမှန်း မသိတော့။ တစ်ခါတလေ ကျွန်မကိုယ်တိုင်ပင် အနားတွင် သူရှိနေသည်ဟု ယုံမှား သံသယ၀င်မိတတ်သည်။ ၀ိညာဉ်၏ သံလိုက်ဓာတ်နှင့် အင်တာနက်၏ သံလိုက်လှိုင်းများ တစ်ခါတရံ ဆွဲငင်တတ်သည်ဟု သူငယ်ချင်းများက ပြောဖူးသော်လည်း ကျွန်မ အယုံအကြည် မရှိခဲ့။ ထူးဆန်းသည်မှာ သူ့ကို ကျွန်မနည်းနည်းမှ ကြောက်မနေခြင်းပင်ဖြစ်သည်။
"ခင်ဗျားက ထူးခြားတယ်"
"ဘာဖြစ်လို့လဲ"
"ခင်ဗျား ကျွန်တော့်ကို မကြောက်လို့ ကျွန်တော်က သရဲဆိုတာ တကယ်မယုံလို့လား"
"ကျွန်မ တစ္ဆေသရဲတွေ အယုံအကြည် မရှိဘူး"
သူပြောသမျှကို နားထောင်ပြီး မနက်မိုးလင်းမှ ကျွန်မအိပ်ယာဝင်ဖြစ်သည်။ မနက်ပိုင်းတွင် နေမြင့်မှ ထတတ်သော အကျင့်ကြောင့် ကျွန်မ၏ အတန်းချိန်များကို ညနေပိုင်းတွင်သာ ရွေးထားသည်။ ဒီနေ့အတန်းဆင်းချိန်တွင် ကျွန်မခေါင်းတွေ လေးလံပြီး ကိုယ်လက်မအီမသာ ဖြစ်နေသည်။ အိမ်အရောက် ဆေးသောက်ပြီး midnight online ပေါ်သို့ တက်လာချိန်မှ ထတော့မည်ဟု စိတ်ကူးနှင့် ကျွန်မအိပ်လိုက်သည်။
အိပ်ပျော်ပြီး သိပ်မကြာလိုက် စိတ်ထဲတွင် တကယ့်အဖြစ်လိုလို အိပ်မက်လိုလို ယောက်ျားလေးတစ်ယောက် ကျွန်မအခန်းထဲသို့ ၀င်လာသည်ဟု ခံစားမိသည်။ ကျွန်မထထိုင်ဖို့ ကြိုးစားသော်လည်း ဘယ်လိုမှ ထမရခဲ့။ ထိုယောက်ျားလေးမှာ အပြာနုရောင် ည၀တ်အင်္ကျီကို ၀တ်ဆင်ထားသည်။ ရုပ်ရည်မှာ သန့်ပြန့်နေသော်လည်း မျက်နှာမှာ သွေးဆုတ်ပြီး ဖြူရော်နေသည်။ အကြည့်မှာ နူးညံ့သိမ်မွေ့သည်။ ကျွန်မ ကုတင်နားသို့ ချည်းကပ်လာပြီး ကျွန်မ၏ဆံပင်များကို ပွတ်သပ်နေသည်။ ထို့နောက် ကျွန်မမျက်နှာကို ညင်သာစွာ ပတ်သပ်ပေးပြီး "ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ" ဟုပြောပြီး ပျောက်ကွယ်သွားသည်။ ကျွန်မမျက်စိကို အားယူဖွင့်လိုက်မိသည်။ နာရီကို ကြည့်လိုက်တော့ ည ၁၂နာရီ ၁၀မိနစ်။ ကျွန်မ ကုတင်ပေါ်မှ ခုန်ဆင်းပြီး ကွန်ပျူတာကို အလျှင်အမြန်ဖွင့်လိုက်သည်။ လိုင်းချိတ်နေချိန်တွင် ထိုအဖြစ်အပျက်မှာ တကယ်လား၊ အိပ်မက်လား ဆိုသည်ကို ကျွန်မ တွေးနေမိသည်။ အိပ်မက်ဖြစ်သည်ထားဦး.. ဘာကြောင့် ထိုလူ့ ရုပ်ရှည်ကို ကျွန်မကောင်းကောင်း မှတ်မိနေပါလိမ့်။ ကျွန်မ ဝေခွဲမရဖြစ်နေချိန်တွင် ဖန်သားပြင်ပေါ်တွင် စာတစ်ကြောင်းပေါ်လာသည်။
"ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ"
ကျွန်မ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အိပ်မက်ထဲက စကားနှင့် တစ်ထပ်တည်းပါလား...
စာကြောင်းရေးပို့လိုက်သူမှာ ကျွန်မနှင့် ညတိုင်း chatting လုပ်နေသော သူ့ကိုယ်သူ တစ္ဆေသရဲပါဟု ပြောသော midnight.... ကျွန်မ အသက်ရှူဖို့ ခေတ္တမေ့နေခဲ့ပြီး ကွန်ပျူတာ ဖန်သားပေါ်က စာကိုသာ မျက်တောင်မခတ် ကြည့်နေမိသည်။ သူဟာ ကျွန်မလို လူစင်စစ်တစ်ယောက်ဖြစ်ကြောင်း ကျွန်မကိုယ်ကျွန်မ အသိပေးနေမိသည်။
"တစ်ယောက်ထဲနေရင် အစာတွေကို ပုံမှန်စားရမယ်လေ"
ကျွန်မ ပြန်မပြောသည်ကို သူသတိထားမိပုံ မရ။ သူပြောချင်တာကို ပြောနေသည်။
"ရှင်အခု ဘယ်မှာလဲ... ကျွန်မ အခန်းထဲမှာပဲလား.. ဟုတ်တယ် မဟုတ်လား" ကျွန်မ ထိန့်လန့်စွာ မေးလိုက်သည်။
"ခင်ဗျား ဘယ်လို အဖြေမျိုးကို လိုချင်လဲ"
"တိကျတဲ့ အဖြေမှန်ကို ကျွန်မလိုချင်တယ်"
"ခင်ဗျား ခရမ်းနုရောင် ည၀တ်အင်္ကျီကို ၀တ်ထားတယ်။ အင်္ကျီအောက်မှာ အိတ်ကပ်လေးနှစ်ခုပါတယ်။ အိတ်ကပ်ပေါ်မှာ လိပ်ပြာပုံဖဲပြားလေးပါတယ်။ စားပွဲခုံပေါ်မှာ ခင်ဗျားသောက်နေကျ ကော်ဖီခွက်လေး တင်ထားတယ်။ ဒီညတော့ ခွက်ထဲမှာ ကော်ဖီ ရှိမနေဘူး။ ခင်ဗျား အိပ်ပျော်သွားလို့ ကော်ဖီမဖျော်ရသေးဘူး။ ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.... ခင်ဗျား ဖျားနေပြီ"
ဖန်သားပေါ်က ဆက်တိုက်ပေါ်လာသော စာများကို ဖတ်ရင်း ကျွန်မနှလုံးသွေးများပင် ရပ်တန့်သွားပြီလားဟု ထင်မိသည်။ ကျွန်မဘာမှ ပြန်မပြောနိုင်တော့... ကွန်ပျူတာ ပါဝါခလုတ်ကို အမြန်ဆုံးပိတ်ပြီး ကုတင်ပေါ်သို့ ခုန်တက်ကာ စောင်ကို ခေါင်းမြီးခြုံထားလိုက်သည်။ ကျွန်မဘေးတွင် သူရှိနေသည်။ ကျွန်မ အခန်းထဲတွင် တကယ်ရှိနေခဲ့လို့လည်း ကျွန်မ၏ ၀တ်စားဆင်ယင်မှုတွေ၊ ကျွန်မ၏အကျင့်တွေကို သူသိနေခဲ့ခြင်းဖြစ်သည်။ ညတိုင်း online ပေါ်သို့ ပုံမှန်တက်ပြီး သူ့ကိုစောင့်နေတတ်သော ကျွန်မ၏ တုံးအအ အပြုအမှုများကို သူအရင်ကတည်းက စောင့်ကြည့်နေပုံရသည်။ သူစောင့်ကြည့်နေသည် ဆိုသည့်အတွေးနှင့် ကြောက်စိတ်ကြောင့် ကျွန်မတစ်ကိုယ်လုံး စောင်ထဲတွင် တုန်နေမိသည်။ မည်မျှကြာကြာ တုန်လှုပ်နေမိသည် မသိ။ ညနေက သောက်ထားသော ဆေးအရှိန်ကြောင့် ကျွန်မ တဖြေးဖြေး အိပ်ပျော်သွားသည်။ မှုန်ဝါးဝါး ကျွန်မ၏ မသိစိတ်ထဲတွင် သူသည် ကုတင်ဘေးတွင် ထိုင်ရင်း ကျွန်မအား ကရုဏာသက်စွာ ကြည့်နေသည်။ နောက်တွင် ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
မနက်နိုးလာသည့် အချိန်တွင် ကျွန်မ အပူချိန်တက်နေသည်။ တစ်ကိုယ်လုံး ပျော့ခွေနေပြီး လမ်းလျှောက်ဖို့ရန် အင်အားပင် မရှိတော့။ ညတုန်းက အဖြစ်အပျက်ကို ပြန်စဉ်းစားမိသည်။ သူသည် နေ့ခင်းတွင် ကျွန်မဘေးတွင် ရှိနေမည် မဟုတ်ဟု ထင်မိသည်။ တစ္ဆေသရဲများသည် အလင်းရောင်ကို ကြောက်ကြသည် မဟုတ်ပါလား..။ ကျွန်မ ကုတင်ပေါ်မှ အားယူထလိုက်သည်။ ကော်ဖီဖျော်ရန် ရေနွေးတည်နေရင်း ညက သူပြောခဲ့သော စကားကို ပြန်သတိရမိသည်။
"ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.. ခင်ဗျား ဖျားနေပြီ"
ကော်ဖီကို ကျွန်မ ဆက်မဖျော်မိတော့။ ညတုန်းက မြင်ခဲ့ဖူးသော သူ့ပုံရိပ်ကို ကျွန်မမြင်ယောင်မိသည်။ သူသာ တစ္ဆေမဟုတ်ခဲ့လျှင် မိန်းကလေးများ ၀ိုင်းဝိုင်းလည်နေသော ရုပ်ရှည်ရှိသူဖြစ်သည်။ သူ၏ခံစားချက်များကို နားထောင်ပြီး သူ့အပေါ် ကျွန်မ သနားမှုတွေ ပိုသွားပြီလား...သူ့ကို ကျွန်မ ချစ်မိသွားပြီမလား.. တစ္ဆေတစ်ကောင်ကို ကျွန်မချစ်မိသွားပြီလား... ဘယ်လောက် စိတ္တဇဆန်တဲ့ အပြုအမှုလဲနော်...
သူပြောပြဖူးသော သူ့အကြောင်းများကို ကျွန်မပြန်စဉ်းစားမိသည်။ သူ့အပေါ် မေ" ဆက်ဆံရေးကျဲလာခဲ့သည် ဆိုသည့်အထိပဲ ကျွန်မသိခဲ့သည်။ သူ့လို ရုပ်ရည်ချောမောသည့် လူကို မေ" ဘာကြောင့်များ ငြင်းဆန်ခဲ့သလဲ.. ကျွန်မသိချင်လာမိသည်။ သူဘာကြောင့် ကိုယ့်ကိုယ် အဆုံးစီရင်ခဲ့လဲ... "အင်တာနက်ကို မုန်းတယ်.. မိန်းမတွေကိုမုန်းတယ်" ဟုပြောပြီး ဘာကြောင့် ထိုအကြောင်းများကို အင်တာနက်ပေါ်က ကျွန်မအား ပြောပြနေသလဲ.. ကျွန်မသိချင်စိတ် ပိုပြင်းပြလာခဲ့သည်။
ညအမှောင်ထု၏ တဖြေးဖြေး ၀င်ရောက်လာမှုက ကျွန်မစိတ်ကို ပိုလှုပ်ရှားစေခဲ့သည်။ သိချင်စိတ်များကြောင့် ည ၁၁နာရီ မိနစ် ၅၀တွင် ကျွန်မ အခန်းမီးများကို ဖွင့်ပြီး ကွန်ပျူတာရှေ့တွင် ထိုင်နေမိသည်။ မည်မျှပင် သတ္တိရှိသည်ထားဦး တစ္ဆေတစ်ကောင်နှင့် အမှောင်ထဲတွင် ကျွန်မ ထိုင်ရဲမည်မဟုတ်။ ကိုယ်ရောင်ဖျောက်ထားသော တစ္ဆေတစ်ကောင်ကို ကျွန်မ မမြင်မတွေ့နိုင်မှန်း သိနေသော်လည်း တံခါးပေါက်ဘက်သို့ ကျွန်မ မကြာခဏ လှည့်ကြည့်နေမိသည်။ သူ့ကို ကျွန်မစောင့်နေကြောင်း သူ့အား သိစေချင်သေးသည်။
ည ၁၂ နာရီ ၀၁ မိနစ်... နံရံပေါ်တွင် ချိတ်ဆွဲထားသော နာရီလက်တံ၏ တစ်ချောက်ချောက် အသံမှလွဲ၍ တစ်ခန်းလုံး တိတ်ဆိတ်နေသည်။ ဒီည သူလာပါဦးမလား...။မနေ့ညက ကျွန်မ အပြုအမှုကြောင့် ဒီည သူထပ်လာပါ ဦးမလား...
"တစ်ခန်းလုံး မီးတွေ ထိန်နေအောင် ဖွင့်ထားတာ ကျွန်တော့်ကို ကြောက်သွားပြီလား"
သူလာပါပြီ.... ကျွန်မ ၀မ်းသာသွားမိသည်။ သူ့ကိုမေးဖို့ မေးခွန်းတွေ ကျွန်မမှာ အများကြီးရှိသေးသည် မဟုတ်ပါလား..။
"နည်းနည်းတော့ ကြောက်မိပါတယ်"
ကျွန်မ စာပြန်မရိုက်ဘဲ ပါးစပ်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူသာ ကျွန်မအခန်းထဲတွင် ရှိနေခဲ့လျှင် ကျွန်မပြောသမျှ သူကြားနိုင်လိမ့်မည်ဟု ကျွန်မထင်သည်။ ယခု အဖြစ်အပျက်မှာ တစ်ယောက်ယောက်က နောက်ပြောင်နေသည်ဟု ကျွန်မ မျှော်လင့်ချင်သေးသည်။
"ခင်ဗျား အရင်က ကျွန်တော့်ကို မကြောက်ပါဘူး။ ကျွန်တော် စိတ်မကောင်းဘူးဗျာ"
"အရင်တုန်းက တစ်ယောက်ယောက်က နောက်ပြောင်နေတယ်လို့ ကျွန်မထင်ခဲ့တယ်လေ။ တကယ့်သရဲဖြစ်မယ်မှန်း တွေးမထားမိဘူး"
"အခု ခင်ဗျား သိပြီလေ။ ကျွန်တော်နဲ့ ဆက်စကားပြောနေဦးမလား"
"အင်း... ပြောမယ်။ ကျွန်မသိချင်တာတွေ မေးရဦးမယ်" ကျွန်မ အသက်ကို ပြင်းပြင်းလေး ရှူသွင်းလိုက်မိသည်။
"မေနဲ့ ရှင့်အကြောင်းကို အစအဆုံး ပြောပြနိုင်မလား"
"မေဟာ ကဝေမတစ်ယောက်ပါ။ လှည့်စားတတ်တဲ့ ကဝေမ... ကျွန်တော်နဲ့ချစ်သူတွေ မဖြစ်ခင်ကတည်းက သူ့မှာ လက်ထပ်ရမဲ့သူရှိပြီးသား.. အင်တာနက်မှာ ကျွန်တော်နဲ့ ချစ်တယ်ဆိုတာကလည်း သူ့အတွက် အပျင်းပြေဖို့ သက်သက်ပဲ။ ကျွန်တော့်ကို အရုပ်တစ်ရုပ်လို သူသဘောထားခဲ့တယ်။ ကျွန်တော့်ရဲ့ ခံစားချက်ကို သူအမျိုးမျိုး လှည့်စားခဲ့တယ်"
"ရှင် ဘယ်လိုလုပ်သိလိုက်တာလဲ"
"သူနဲ့တွေ့နိုင်ဖို့ ကျွန်တော် အမျိုးမျိုး ကြိုးစားခဲ့တယ်။ အကြိမ်ကြိမ်လည်း တောင်းဆိုခဲ့တယ်။ သူ့ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျွန်တော်တွေ့နိုင်အောင် ကြိုးစားမယ်လို့လည်း ပြောခဲ့တယ်။ ထူးထူးဆန်းဆန်းပဲ ကျွန်တော့်ကို သူတွေ့မယ်လို့ ခွင့်ပြုခဲ့တယ်။ သူနဲ့တွေ့ရမဲ့ရက်မှာ ကျွန်တော်စိတ်အရမ်းလှုပ်ရှားခဲ့တယ်။ သူ့ကို တွေ့တာနဲ့ သူမှန်း ကျွန်တော်မှတ်မိနေခဲ့တယ်။ သူအရမ်းလှတယ်။ ဓာတ်ပုံထဲကထက်တောင် လှတယ်"
ကွန်ပျူတာ ဖန်သားပြင်ပေါ်မှ တက်လာသော စာများကို ဖတ်ရင်း ကျွန်မမျက်တောင်ခတ်ဖို့ မေ့နေခဲ့သည်။
"ခင်ဗျားကြည့်ရတာ သက်သာသေးပုံ မပေါ်ဘူး သွားအိပ်လိုက်ပါလား"
"ဟင့်အင်း... ကျွန်မ မေးဖို့ မေးခွန်းတွေ ကျန်နေသေးတယ်" ကျွန်မ ခေါင်းရမ်းရင်း ပြောလိုက်မိသည်။
"ခင်ဗျားရဲ့ လက်ကို ကျွန်တော် ကိုင်နေတယ်... ခံစားလို့ရလား"
မမျှော်လင့်သော စာကြောင်းကြောင့် ကျွန်မယောင်ရမ်းပြီး လက်ကို ကြည့်လိုက်မိသည်။ ကျွန်မ ခံစားလို့ မရခဲ့...သို့သော် နွေးထွေးသော လက်တစ်စုံက ကျွန်မလက်ကို ဆုတ်ကိုင်းထားသည်ဟု ကျွန်မမြင်ယောင်ကြည့်မိသည်။
"ခင်ဗျား ကြည့်ရတာ အားမရှိဘူးဗျာ။ ကျွန်တော် စိုးရိမ်တယ်။ မေးချင်တဲ့ မေးခွန်းတွေ နောက်ညမှ မေးပါလား... အနားယူလိုက်နော်"
စာကြောင်းလေး တစ်ကြောင်းသာဖြစ်ခဲ့သော်လည်း ကြင်နာသော သူ့စကားများကို ကျွန်မခံစားမိသည်။
"ကျွန်မ တစ်ခုမေးပြီးရင် သွားအိပ်မှာပါ"
ကျွန်မ အရဲစွန့်ပြီး ကျွန်မ အသိချင်ဆုံး မေးခွန်းတစ်ခုကို မေးလိုက်မိသည်။
"ဘာဖြစ်လို့ ကျွန်မကိုမှ ရွေးချယ်ခဲ့ရတာလဲ"
"... ကျွန်တော် စောင့်ကြည့်နေတာ ကြာပြီ။ ခင်ဗျားနဲ့ chatting မလုပ်ခင်ကတည်းက ခင်ဗျားအခန်းထဲမှာ ကျွန်တော်ရှိနေခဲ့တယ်"
တစ္ဆေတစ်ကောင် ကျွန်မ အခန်းထဲတွင် အစောကြီးကတည်းက ရှိနေသည်ကို ကျွန်မ မသိခဲ့ပါလား.. ကျွန်မ၏ နေ့စဉ် အပြုအမှုများကို သူစောင့်ကြည့်နေခဲ့ပါလား...။ ထိုသို့ တွေးမိလိုက်စဉ် ကျွန်မပါးနှစ်ဘက် အပူကြောင့် ရှိန်းခနဲ ဖြစ်သွားသည်။
"ဟား...ဟား.. ခင်ဗျား ဘာတွေးနေလဲ ကျွန်တော်သိတယ်။ ကျွန်တော် အဲဒီလောက် အောက်တန်း မကျပါဘူးဗျာ"
ကျွန်မပါးနှစ်ဘက် နီမြန်းသွားသည်ကို ကြည့်ပြီး ကျွန်မ၏အတွေးကို သူသိနေခဲ့သည်။
"တစ်ခြားလူမသိအောင် စောင့်ကြည့်တဲ့ အပြုအမှုတွေဟာ မတရားဘူးဆိုတာ ရှင်မသိဘူးလား"
"တရားတယ်၊ မတရားဘူးဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော်တို့ ၀ိညာဉ်တွေက ဒီလိုပဲ လျှောက်သွားနေတတ်တယ်လေ။ ခင်ဗျားနဲ့ ခင်ပြီးတဲ့နောက်ပိုင်း ကျွန်တော် အချိန်သတ်မှတ်ပြီး လာခဲ့တယ်။ တစ်ချိန်လုံး ကျွန်တော်စောင့်ကြည့် မနေတော့ပါဘူး"
"နေပါဦး..... နေ့လည်အချိန်တွေမှာ ရှင်ဘာလုပ်နေလဲ"
"နေ့လည်.. နေ့လည်ဆိုရင် လေးထောင့်အခန်းထဲမှာ ထားထားတဲ့ ခန္ဓာကိုယ်ထဲ ကျွန်တော်ဝင်နေရတယ်လေ။ ညအချိန်လို လွတ်လွတ်လပ်လပ် ထွက်လာခွင့်မရဘူး"
ကျွန်မ မျက်လုံးများ ပြူးသွားမိသည်။
လေးထောင့်အခန်း......... ခန္ဓာကိုယ်....
"နေ.. နေပါဦး... လူတွေက ရှင့်ကို မသင်္ဂြိုလ်ကြသေးဘူးလား"
"ကျွန်တော်ရဲ့ ခန္ဓာကိုယ်က ဆေးရုံမှာပဲ ရှိနေသေးတယ်။ မေ့မြောနေဆဲမို့ သူတို့က လက်မလွတ်ချင်ကြသေးဘူးနဲ့ တူတယ်"
သူ...သူ... အသက်ရှင်နေဆဲပါလား..။ ၀ိညာဉ်ကသာ လျှောက်သွားနေခြင်းဖြစ်သည်။ ဆေးရုံတွင် လဲလျောင်းနေသော ခန္ဓာကိုယ်မှာ ၀ိညာဉ်မဲ့သော ခန္ဓာကိုယ်ဖြစ်မည်။
"ရှင်ဘာဖြစ်လို့ ကိုယ့်ခန္ဓာကိုယ်ထဲ မပြန်တာလဲ... လူလုပ်ရမှာ တော်တော်စိတ်ကုန်သွားပြီလား"
"ကျွန်တော် ပြန်သွားရင် ခင်ဗျားကို ကျွန်တော် မမြင်ရတော့ဘူး။ ကျွန်တော့်ကို မေ့သွားမှာ စိုးတယ်"
သူ့စကားကို ကြားပြီး ကျွန်မ စိတ်မကောင်းဖြစ်သွားမိသည်။ သူ၏စိတ်ထဲတွင် ကျွန်မ ရှိနေခဲ့ပြီလား... လူသားတစ်ယောက်အနေနှင့် သူ၏ပိုက်ထွေးမှုကို ကျွန်မခံယူချင်သေးသည်။ လူတစ်ဖန်ပြန်လုပ်ဖို့ သူ့မှာ အခွင့်အရေးတွေ ရှိနေသေးသည်။ ကျွန်မကို မြင်နိုင်ဖို့အတွက် ထိုအခွင့်အရေးကို သူ လက်လွတ်တော့မလား။ ကျွန်မ မျက်စိထောင့်စွန်းက မျက်ရည်များ အတားအဆီးမဲ့ စီးကျလာသည်။
"မငို.. မငိုပါနဲ့။ ကျွန်တော် ဘာအမှားများ ပြောမိပါလိမ့် (ကျွန်တော်မျက်ရည်တွေကို သုတ်ဖို့ ကြိုးစားနေတယ်)"
ထိုစာကြောင်းကို ကြည့်ပြီး ကျွန်မ အသံထွက် ရယ်လိုက်မိသည်။ တစ္ဆေတစ်ကောင်က ကျွန်မကို နှစ်သိမ့်နေပါလား..။ စီးကျလာသော မျက်ရည်များကို ကပျာကယာ သုတ်ပေးနေသည့် သူ့ကို ကျွန်မမြင်ယောင်ကြည့်မိသည်။
"ရှင်ရဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်သေးတယ်။ ဒါပေမဲ့ အခုမဟုတ်သေးဘူး။ တကယ့် လူတစ်ယောက်အဖြင့်နဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်တယ်"
"ကျွန်တော်ရဲ့ ခန္ဓာကိုယ်ထဲ ပြန်ဝင်ဖို့ ပြောနေတာလား"
"ဟုတ်တယ်"
"၀င်သွားပြီးနောက်ပိုင်း ခင်ဗျားနဲ့ ပတ်သက်သမျှ ကျွန်တော် သတိမရတော့မှာကို မကြောက်ဘူးလား"
"ဒီလိုပဲ ဖြစ်တတ်သလား..ကျွန်မကို မေ့သွားမှာလား" ကျွန်မစိတ်ပူစွာ ပြောလိုက်မိသည်။
"အသေအချာတော့ မသိဘူး။ တစ်ချို့မေ့တတ်တယ်။ တစ်ချို့ မမေ့တတ်ဘူး။ ခံနိုင်ရည်အားကို ကြည့်ရဦးမယ်လေ"
ပြန်သွားပြီး သူ သတိမရခဲ့လို့ ကျွန်မကို လာမရှာနိုင်ချင်နေပါစေ။ ကျွန်မကြောင့် သူသည် ခိုကိုးရာမဲ့ ၀ိညာဉ်တစ်ကောင်တော့ မဖြစ်စေချင်ပါ။
"ပြန်သွားပါ။ ရှင် ကျွန်မကို မမေ့ဘူးလို့ ကျွန်မ ယုံကြည်တယ်။ လူစင်စစ်တစ်ယောက်အဖြင့်နဲ့ ကျွန်မရှေ့မှာ ထိုင်ပြီး ရှင်နဲ့ မေအကြောင်းပြောပြတာကို ကျွန်မ ကြားချင်သေးတယ်"
မျက်စိကိုမှိတ် သူ့ပုံရိပ်ကို မြင်ယောင် ခံစားရင်း ကျွန်မ ပြောလိုက်သည်။
"ခင်ဗျား စကားကို ကျွန်တော် နားထောင်မယ်။ ကျွန်တော့် ခန္ဓာကိုယ်ထဲ ပြန်ဝင်မယ်။ ကျွန်တော့် ပြန်အလာကို စောင့်နေမလား"
"ကျွန်မ စောင့်နေမယ်။ တစ်သက်လုံး စောင့်နေမယ်။ ကျွန်မကို မေ့ခဲ့မယ်ဆိုရင်တောင် ရှင်သတိရပြီး ကျွန်မကို ပြန်မှတ်မိလာတဲ့အထိ စောင့်နေမယ်"
ကျွန်မပြောရင်း ရင်နင့်မိသည်။ မျက်ရည်များက အတားအဆီးမဲ့စွာ စီးဆင်းလာပြန်သည်။ သူ ကျွန်မအနားက ပျောက်ကွယ်သွားတော့မယ်ဆိုတာ ရာခိုင်နှုန်း တစ်ဝက်က သေချာနေပြီ။ ရင်ထဲ စူးနေအောင် နာကျင်လာမိသည်။
"ခင်ဗျားပါးကို ကျွန်တော် နမ်းလိုက်တယ်။ ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်နော်။ ကျွန်တော်သွားပြီ။ ကျွန်တော့်ပြန်အလာကို စောင့်နေပါနော်"
နာရီလက်တံများ တစ်စက္ကန့်ပြီး တစ်စက္ကန့် ရွေ့နေသည်။ ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် သူ၏ စာများ ထပ်ပေါ်မလာတော့။ ကျွန်မ ထိုင်ခုံပေါ်တွင် ထိုင်ရင်း အားရပါးရ ငိုလိုက်မိသည်။ အိပ်မက်ထဲက သူ့ပုံရိပ်ကို စွဲစွဲမြဲမြဲ မှတ်ထားရန် ကိုယ့်ကိုယ် သတိပေးလိုက်မိသည်။ သူသည် အချိန်မရွေး ကျွန်မရှေ့တွင် ပေါ်လာနိုင်သည်။ ထိုအချိန်ရောက်လျှင် အလှပဆုံးပြုံးလျှက် သူ့ကို နွေးထွေးစွာ ကျွန်မကြိုမည်။ သူမလာမှန်း သိနေလျှက်နှင့် ညသန်းခေါင် ၁၂နာရီရောက်တိုင်း ကျွန်မ online ပေါ်သို့ တက်ပြီး သူ့ကိုရှာမြဲ... သူ၏ message များကို မျှော်နေမြဲပင်။ ကျွန်မ၏ အပြုအမှုများသည် စိတ္တဇဆန်ကောင်း ဆန်နေလိမ့်မည်။
၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀
ပြက္ခဒိန် စာရွက်များ တစ်ရွက်ပြီးတစ်ရွက် ကြွေကျကုန်သည်။ လူသွားလူလာများကြားတွင် သူ့ကို ကျွန်မ လိုက်ရှာနေမိသည်။ ကျွန်မကိုတွေ့လျှင် ကျွန်မနှင့် ပတ်သက်ခဲ့ဖူးသမျှ သူ မှတ်မိနေမည်ဆိုသည်ကို ကျွန်မ ယုံကြည်နေမိသည်။ ကျောင်းဝင်းထဲရှိ သစ်ရွက်များပင် နွေဦးလေနှင့်အတူ မြူးတူးပျော်ပါးနေကြကုန်ပြီ။ မကြာမီ နွေရာသီ ကျောင်းပိတ်ရက် ရောက်တော့မည်။ လေရှုးတစ်ချက်အဝှေ့ ကျွန်မလက်ထဲက စာရွက်များ ပြန့်ကျဲကုန်သည်။ ထိုစာရွက်စာတမ်းများ မရှိလျှင် စာမေးပွဲတွင် ကျွန်မ ဒုက္ခလှလှလေး တွေ့ဦးမည်။ စာရွက်များကို ကျွန်မ ကပျာကယာ လိုက်ကောက်လိုက်သည်။ ကျွန်မနှင့်အတူ စာရွက်များကို လိုက်ကောက်နေသော အရိပ်တစ်ခုကို တွေ့လိုက်မိသည်။ စာရွက်များကို ကောက်ရင်း ကျွန်မ ဘေးနားတွင် ခြေအစံကို ရပ်လိုက်သည်။
"ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်လေ"
ကျွန်မရင် ဒိန်းခနဲ ခုန်သွားမိသည်။ ခပ်သြသြနှင့် နူးညံ့သော ထိုအသံမှာ ကျွန်မနှင့် မရင်းနှီးပေမယ့် ထိုလူပြောလိုက်သော စကားမှာ midnight ပြောတတ်သော စကားနှင့် တစ်ထပ်တည်း။ ကျွန်မ အထိန့်အလန့် မော့ကြည့်လိုက်မိသည်။
သူ... သူပါလား... အိပ်မက်ထဲက ရုပ်ပုံလွှာလေး... အသားအနည်းငယ် ညိုသည်မှလွဲ၍ ကျွန်မ အသိစိတ်ထဲက ရုပ်ပုံလေး၊ ကျွန်မနှင့် ရင်းနှီးသော ရုပ်ပုံလေး။ ခန္ဓာကိုယ် အနည်းငယ် ဖွံ့ဖြိုးသည်ကလွဲ၍ အိပ်မက်ထဲက ရုပ်ပုံနှင့် တစ်ထပ်တည်း။ ကျွန်မရှေ့တွင် သူထိုင်ချလိုက်သည်။
"ဆောရီးပဲနော်.. တော်တော်လေး ကျန်းမာဖို့အတွက် အချိန်ယူနေရလို့ပါ။ လုံးဝ နေကောင်းသွားပြီဆိုမှ ကျွန်တော် လာတွေ့ရဲတယ်လေ"
ကျွန်မ အံ့သြ၀မ်းသာပြီး ဘာပြန်ပြောရမှန်း မသိတော့။ မျက်လုံးအိမ်ထဲတွင် မျက်ရည်များဖြင့် ပြည့်လျှံနေခဲ့သည်။ ကျွန်မကိုယ်ကို ထောင်မတ်ပေးရင်း ကျွန်မမပါးကို ညင်သာစွာ သူပွတ်သပ်လိုက်သည်။
"ကျွန်တော် ထင်တဲ့အတိုင်းပဲ ပါးပြင်တွေက နူးညံ့နေတယ်"
"ကျွန်တော့်ကိုယ့်ကျွန်တော် ပြန်မိတ်ဆက်ပေးပါရစေ"
သူရယ်ရင်း လက်ကို ကမ်းပေးသည်။ ရယ်နေပုံက အပြစ်ကင်းသော ကလေးလေးတစ်ယောက်နှင့် တူနေသည်။
"ကျွန်တော့်နာမည် နေဒွေးဇော်ပါ။ တွေ့ရတာ ၀မ်းသာပါတယ်"
"တွေ့ရတာ ၀မ်းသာပါတယ်။ ကျွန်မ မိဆိုးပါ"
ကျွန်မပြန်ကမ်းလိုက်သော လက်ကို ကြင်နာစွာ သူဆုတ်ကိုင်ထားလိုက်သည်။
"မိဆိုး ကျွန်တော်နဲ့ တစ်သက်လုံး လက်တွဲသွားနိုင်မလား"
ကျွန်မ ခေါင်းကို သွင်သွင်ငုံ့လိုက်မိသည်။
နွေဦး၏ လေရူးနှင့်အတူ ကျွန်မရှေ့သို့ သူရောက်လာခဲ့သည်။ ရွက်ကြွေများ ဖြန့်ခင်းထားသော အ၀ါရောင်လမ်းလေးပေါ်တွင် သူနှင့်ကျွန်မ ပထမဆုံးအကြိမ် တွေ့ဆုံကြသည်။
ပြီးပါပြီ
ဒီဝတ္ထုလေးကိုforam တခုကဖတ်ပြီး ခံစားမှု တခုခုပေးနိုင်လို့blog မှာပဲပို.စ်လိုက်ပါတယ်ရှင်...။
8/7/08
လူ.သဘာဝ
ဒီနေ. ဘလော့မှာ နာရီလေးထည့်ကြည့် ဒီဇိုင်းမကြိုက် ပြန်ပြင်... အချိန်တော်တော်ကြာသွားတယ် ...။ ပြီးတာနဲ. visiter counter လေးထည့် ..၊ ပြီးတော့ templateလေးပြောင်းကြည့် .....။ ဟိုက် .... cbox မရှိတော့ပြန်ဘူး... :# --> ။ အင်း ရေးလိုက်တာက တစ်မိတောင်မကြာဝူး၊ လုပ်လိုက်ရတာ ၁ နာရီခွဲ နှစ်နာရီ ၊ ဘယ်လောက်ဒူပုံများနော်... ဒီကြားတည်း error ကတက်လိုက်သေး ၊ ကိုယ်ကလည်း ကွန်ပြူတာအကြောင်း က နဂန်းတလုံးမှ နား မလည်... ဒီကြားတည်း သူများက ဘလော့ဆိုတော့ လိုက် ဘလော့ ..... အင်း လူတွေများနော် ခက်တယ် ..... :f --> ၊ ကိုယ်နေရာ ကိုယ်မနေတတ်တော့လဲ .... ခံပေါ့လို. ကြိမ်းမောင်းရင်း ၊
8/6/08
ကုသိုလ်လည်းရ ပညာလည်းဝ
ဒီ Gmae လေးမှာ ကစားရင် တစ်ခါနိုင်တိုင်း ဆန်စိ၂၀ လှူပြီးဖြစ်မှပါ .... ။ နှစ်ခါနိုင်ရင် ၄၀၊ သုံးခါနိုင်ရင် ၆၀ လှူပြီးသားဖြစ်မှာပါ....။ Game လေးကို ကစားရင်း ကုသိုလ်လည်းရ .... ပညာလည်းကြွယ်ဝမို. သွားကစားဖြစ်အောင် သွားလိုက်ပါအုန်းနော်....။ :)
http://freerice.com/index.php
စိတ်ပါဝင်စားစွာ လုပ်ဖြစ်သောနေ.
ဘလော့ account လုပ်ထားတာ ကြာလှပြီ ...။ ဘာမှ မကလိဖြစ်ဘူး ..။ သူများ ဘလော့တွေကို သွားဖတ်ဖြစ်တော့ ဒီဇိုင်းတွေက လန်ထွက်နေတာပဲ ...။ ဒါနဲ.ပဲ ဟိုရှောက်ဝင် ဒီရှောက်ဝင်နဲ. ကိုမိုးပြေးဘလော့ကိုရောက်သွားတယ် ..။ ဟ ..ကော်တာပဲ။ လိုချင်တာလေးတွေ.သွားတယ်...။ မောင်မင်းကြီးသားကို ထိုင်ရှစ်ခိုးချင်တဲ့ စိတ်လေးပေါက်သွားတယ် ....။ ကိုမိုးပြေးရဲ. ဘလော့မှာ smily ထည့်နည်းရေးထားတာတွေ.လို. စမ်းကြည့်တာ ..ရသွားတယ် ..... ကွီကွီ :p ။ ပြီးတော့ Cbox လေးကိုစမ်းထည့်ကြည့်တာ ရသွားပြန်ရော်... ဟဟ ... ပျော်လိုက်တာ ...။ :d
5/19/08
Go out
Today, I went to Nando's restaurant with my friend's family. I never been there before. Food is quiet nice especially fried chicken and sauces. Restaurant style is old style like my grandmother house :D . We had a lot of food till cant eat any more. Its shop belong to Portuguese. If you interesting , you can look and check http://www.nandoscanada.com. When I come back home, I tidy up my room and prepare for tomorrow. Oh! I forget to write ..... :D I rang phone to my family and talked about what I did this weekend.
5/18/08
Wages
OH!
Today I got the wages. What should I do its? I have to use a lot. If I using what I need that doesn't enough.